Local News: မူဝါဒအသစ်နဲ့ထုတ်ပြန်မယ့် CIF တန်ဖိုး ဒီဇင်ဘာလကုန်ထွက်မယ်

၂၀၁၇ ခုနှစ်အတွက် ကားတင်သွင်းလို့ရမယ့် CIF တန်ဖိုးတွေ ထုတ်ပြန်မှာပါ။

 

 

 

၂၀၁၇ ခုနှစ်အတွက်တင်သွင်းမယ့် ကားတွေအတွက် ဆိပ်ကမ်းအရောက်တန်ဖိုး (CIF ) ကို ဒီဇင်ဘာလ နောက်ဆုံးပတ်မှာ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

အသစ်ထုတ်ပြန်ခဲ့တဲ့ မော်တော်ယာဉ်မူဝါဒအသစ်မှာ CIF တန်ဖိုးကအပြောင်းအလဲတွေ တော်တော်များများဖြစ်လာဖို့ ရှိနေတယ်လို့ CIF တန်ဖိုးရေးဆွဲရာမှာ ပါဝင်တဲ့ အကောက်ခွန် ဦးစီးဌာနက ညွှန်ကြားရေးမှူးတစ်ဦးက ပြောပါတယ်။

play

 

Brand new ကားတွေလိုပဲ ကားဟောင်းတွေအတွက်လည်း စီအိုင်အက်ဖ် တန်ဖိုးတွေ မြင့်လာမယ်ဆိုရင် ပြည်တွင်းကားဈေးနှုန်းက လာမယ့် ၂၀၁၇ မှာ ဈေးမြင့်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။

Source : 7DayDaily

Photo : MBT

Video : 7DayTV

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ