လူ ၃ ယောက်ကဝိုင်းရိုက်ခဲ့တာပါ။

ရတနာပုံ Cyber City မှ ဒုတိယနှစ်ကျောင်းသား ထက်လင်းသန့်ဟာ ဒီဇင်ဘာ ၆ ရက်နေ့ ညနေ ၃ နာရီလောက်က ရတနာပုံတယ်လီပို့စ် မြို့သစ်( မေမြို့-မန်းလေးလမ်း ) ထဲမှာ ဆိုင်ကယ်ရိုက်အလုခံရပြီး ဆုံးပါးသွားခဲ့တယ်လို့ သိရပါတယ်။



47425525_2083079211712220_2786524968614100992_n.jpg

Photo - Ka Thar Nyi

 

ပင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာက သူ့ရဲ့ချစ်သူဖြစ်တဲ့ မဇူးဇူးဟန်ကိုနဲ့အတူ ရတနာပုံမြို့သစ်အိမ်ရာအတွင်းရှိ View Star စားသောက်ဆိုင်မှာ မုန့်စားပြီးအပြန် မြို့သစ်မီးသတ်စခန်းနားမှာ ရိုက်နက်သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။



လမ်းမှာ အမည်မသိ အမျိုးသား ၃ ယောက်စီးလာတဲ့ ဆိုင်ကယ်က အနားကပ်လာပြီး ဆိုင်ကယ်ချင်းချိတ်မိအောင် ပြုလုပ်တာကြောင့် မောင်ထက်လင်းသန့်ဆိုင်ကယ် လဲကျသွားတဲ့အခါ ဝိုင်းရိုက်ခဲ့ကြပြီးနောက် မဇူးဇူးဟန်ကို ကိုလည်း ဆက်လက်ရိုက်နက်ကာ ဆိုင်ကယ်ကိုလုသွားခဲ့ပါတယ်။

Photo - Ka Thar Nyi



ရိုက်နက်ခံရတာကြောင့် မောင်ထက်လင်းသန့်က နေရာမှာတင်သေဆုံးခဲ့ပြီး ဦးခေါင်းပေါက်ပြဲ ဒဏ်ရာတွေရရှိခဲ့တဲ့ မဇူးဇူးဟန်ကိုကတော့ ပြင်ဦးလွင်ဆေးရုံမှာ ဆေးကုသခဲ့ရပါတယ်။



"ပြင်စာရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ ကျောင်းမှာတော့ ဝမ်းနည်းတဲ့အထိမ်းအမှတ်အနေနဲ့ ဒီနေ့ နေ့လည် ၁၁ နာရီက ငြိမ်းချမ်းစွာ ဆုတောင်းမှုပြုခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တရားခံတွေကို အမြန်ဆုံးအရေးယူနိုင်ဖို့ ဖမ်းမိဖို့ ဆောင်ရွက်ပေးစေချင်ပါတယ်" လို့ ရတနာပုံ Cyber City နည်းပညာကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တစ်ယောက်က Duwun ကို ဒီဇင်ဘာ ၇ ရက်နေ့မှာ ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က