တရားခံတွေကို ဖမ်းမိထားတယ်လို့ဆိုပါတယ်။

ဒီဇင်ဘာ ၆ ရက် က ဆိုင်ကယ်လုခံရပြီး ရိုက်နှက်ခံရလို့ သေဆုံးသွားခဲ့တဲ့ ရတနာပုံ ဆိုက်ဘာစီးတီး ကျောင်းသားရဲ့ အလောင်းကို သူ့ရဲ့ မွေးရပ်ဇာတိဖြစ်တဲ့ ပုသိမ်ကြီးမြို့နယ် ကြက်ပေါင်းကျေးရွာမှာ ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက်က ဂူသွင်း သဂြိုလ်ခဲ့ပါတယ်။



 

47682687_2344679132273551_7560249846737666048_o.jpg



လက်ရှိတော့ ကျောင်းသားကို ဆိုင်ကယ်လုပြီး ရိုက်နှက်ခဲ့တဲ့ ကျူးလွန်သူလို့ ယူဆရသူ ၃ ဦးကို ဖမ်းမိထားပြီး သက်သေခံပစ္စည်းတွေလည်း ရရှိထားပြီးလို့ ရဲတပ်ဖွဲ့က ပြောဆိုထားကြောင်း နည်းပညာတက္ကသိုလ် ( ရတနာပုံ ဆိုင်ဘာစီးတီး )ရဲ့ ကျောင်းသားသမဂ္ဂဥက္ကဌ က ပြောပါတယ်။



“မနေ့ကအထိတော့ သံသယတရားခံတွေ ဖမ်းဆီးရမိပြီ။ သဲလွန်စတွေရထားတယ်။ ဆိုင်ကယ်တွေ၊ ပိုက်ဆံအိတ်တွေ၊ ကျောင်းသားကတ်တွေ လည်း ရရှိထားပြီလို့ ပြောပါတယ်။ ကျူးလွန်သူ ၃ ဦးလို့ ယူဆရတဲ့သူကို ဖမ်းမိထားပြီလို့ သူတို့က ကျွန်တော်တို့ကိုပြောပါတယ်။ ဒါပေမယ့် ပိုပြီးတိကျအောင် လိုက်လံစုံစမ်းနေဆဲလို့ ပြောပါတယ်” လို့ သမဂ္ဂ ဥက္ကဌ ခွန်နိုင်ပြည်ထွန်းက ပြောပါတယ်။



ဒါ့အပြင် အခုလိုဖြစ်စဉ်မျိုးတက္ကသိုလ်တွေမှာ လုံခြုံမှု အားနည်းနေမှုတွေရှိနေတာကြောင့် လုံခြုံရေးအပြည့်အဝရရှိဖို့ ကျောင်းသားသေဆုံးတဲ့အပေါ်မှာ တရားဥပဒေအရ ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးဖို့အတွက် မန္တလေးတိုင်းဝန်ကြီးချုပ် နဲ့ အစိုးရ အဖွဲ့ တွေနဲ့ တွေ့ဆုံပြီး တောင်းဆိုသွားမယ်လို့ နည်းပညာတက္ကသိုလ် ( ရတနာပုံ ဆိုင်ဘာစီးတီး )ရဲ့ ကျောင်းသားသမဂ္ဂမှ ကိုဖြိုးမင်းဇော်ကပြောပါတယ်။



“ ကျွန်တော်တို့ မနက်ဖြန် (ဒီဇင်ဘာ ၁၁) ရက်မှာ ဝန်ကြီးချုပ်နဲ့ တွေ့ပြီး ကျောင်းတွင်းကျောင်းပြင်လုံခြုံရေး၊ ကျွန်တော်တို့ဆီက ကျောင်းသားသေဆုံးသွားတဲ့ကိစ္စမှာ တရားစီရင်ရေးမှာ ထိုက်တန်တဲ့ပြစ်ဒဏ်ချမှတ်ဖို့ကို အဓိကထားပြီးတောင်းဆိုမယ်”လို့ ကိုဖြိုးမင်းဇော်က Duwunကို ပြောပါတယ်။



ရတနာပုံ Cyber City မှ ဒုတိယနှစ်ကျောင်းသား ထက်လင်းသန့်ဟာ ဒီဇင်ဘာ ၆ ရက် ညနေ ၃ နာရီလောက်က ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာက သူ့ရဲ့ချစ်သူဖြစ်တဲ့ မဇူးဇူးဟန်ကိုနဲ့အတူ ရတနာပုံမြို့သစ်အိမ်ရာအတွင်းရှိ View Star စားသောက်ဆိုင်မှာ မုန့်စားပြီးအပြန် မြို့သစ်မီးသတ်စခန်းနားမှာ ဆိုင်ကယ်အလုခံရပြီး ရိုက်နက်သတ်ဖြတ်ခံခဲ့ရကာ သေဆုံးသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လပိုင်းတုန်းကလည်း ကျောက်ဆည် GTI က နောက်ဆုံးနှစ် ကျောင်းသားတစ်ယောက်ရဲ့ဖုန်းကို လူ ၃ ယောက်က လုယူဖို့ကြိုးစားရင်ထိုးကြိတ်ပြီး ဓါးနဲ့ ထိုးတာကြောင့် သေဆုံးမှု တစ်ခုဖြစ်ပွားခဲ့တယ်လို့လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က