Local News: သတင်းမှား ဖော်ပြမှုအတွက် Daily Mail ကို မြန်မာအစိုးရမှ ထိုက်သင့်တဲ့ တုံ့ပြန်မှု ပြုလုပ်မယ်

ကြောက်လန့်ငိုယိုနေတဲ့ ကလေးငယ်တစ်ဦးကို ကျင်စက်နဲ့တို့ နှိပ်စက်ညှဉ်းပန်းကာ ရယ်မောလျက်ရှိတဲ့ ဓာတ်ပုံတွေကို Daily Mail က ဖော်ပြခဲ့တာဖြစ်ပါတယ်။

play

 

ကလေးငယ်တစ်ဦးကို မြန်မာ့တပ်မတော်က ရက်စက်စွာ နှိပ်စက်ညှဉ်းပန်းနေတယ်ဆိုပြီး သတင်းမှားတစ်ပုဒ်ကို ဓာတ်ပုံတွေနဲ့ အတူ ဗြိတိန်နိုင်ငံ Daily Mail သတင်းဌာနက ဖော်ပြခဲ့တာကြောင့် ထိုက်သင့်တဲ့ တုံ့ပြန်မှု ပြုလုပ်မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက မနေ့က သတင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒီဇင်ဘာလ ၇ ရက်နေ့ ညနေ ၆ နာရီ ၃၂ မိနစ်(UK စံတော်ချိန်)က Daily Mail သတင်းဌာနဲရဲ့ Online စာမျက်နှာမှာ Heartbreaking images show 'Rohingya toddler tortured with a stun gun by laughing Burmese soldier' as Burma continues crackdown on the country's Muslim minority ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ ကြောက်လန့်ငိုယိုနေတဲ့ ကလေးငယ်တစ်ဦးကို ကျင်စက်နဲ့တို့ နှိပ်စက်ညှဉ်းပန်းကာ ရယ်မောလျက်ရှိတဲ့ ဓာတ်ပုံတွေကို Daily Mail က ဖော်ပြခဲ့တာဖြစ်ပါတယ်။

play

 

အဆိုပါသတင်းမှာ ကမ္ဘောဒီးယားနိုင်ငံ၊ Mondulkiri ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့  ဖြစ်စဉ်ဖြစ်ကြောင်း၊ အဆိုပါကလေးငယ်ကို ညှဉ်းပန်းနှိပ်စက်သူတွေကို ဖမ်းဆီးထားပြီး တစ်ဦး ထွက်ပြေးလွတ်မြောက်နေတယ်ဆိုတဲ့ ဝေဖန်မှတ်ချက်တွေ ထွက်ပေါ်လာပြီးနောက်မှာ Daily Mail ဟာ အဆိုပါ သတင်းကို ပြန်လည်ဖြုတ်ချခဲ့တာဖြစ်ပါတယ်။  Daily Mail ဆီက ပြန်လည်ကိုးကားရေးသားတဲ့ အခြားမီဒီယာတွေမှာတော့ အဆိုပါသတင်းဟာ ပျံ့နှံ့သွားခဲ့တာဖြစ်ပါတယ်။

အခြားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှတ်တမ်းတွေကို လွဲမှားစွာ အသုံးပြုပြီး သတင်းမှား ချဲ့ကား ဖော်ပြတာဟာ လက်ရှိအချိန်မှာ မြန်မာနိုင်ငံအပေါ် အထင်အမြင်လွဲမှားမှုတွေ ပိုမို မြင့်တက်လာစေခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံအစိုးရမှ တာဝန်ရှိသူတွေအနေနဲ့ Daily Mail က သတင်းမှား ဖော်ပြခဲ့တာနဲ့ပတ်သက်ပြီး ဥပဒေကြောင်းအရလည်းကောင်း၊ စာနယ်ဇင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေအရလည်းကောင်း လေ့လာလျက်ရှိပြီး ထိုက်သင့်တဲ့ တုံ့ပြန်မှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Photos & Source: Myanmar State Counsellor Office

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ