သြဂုတ်လကုန်ပိုင်းက စပြီး ဆက်တိုက်ဆိုသလို တူရကီဟက်ကာများနဲ့ မြန်မာဟက်ကာများအကြား အပြန်အလှန် Cyber attack ဖြစ်ပွားခဲ့ပြီးနောက် မြနမာဟက်ကာများမှ တူရကီ Telecom ရဲ့ Database အချက်အလက်များ ရယူနိုင်ခဲ့တယ်လို့ UGMH ရဲ့ Facebook မှာ ဖော်ပြထားပါတယ်။

play

 

မြန်မာ မြေအောက်လောက hacking team တစ်ခု ဖြစ်တဲ့ Union of UnderGround Myanmar Hackers (UGMH) ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြချက်အရ ယင်းတူရကီ တယ်လီကွန်းကုမ္ပဏီရဲ့ အခွန်အပါအဝင် ဘဏ္ဍာရေး အချက်အလက်များ ၊ အပြည်ပြည်ဆိုင်ရာ ဘဏ်အကောင့်နံပါတ်များနဲ့ တစ်ခြား အရေးကြီး အချက်အလက်များပါနေတယ်လို့ ဆိုပါတယ်။

 

ပြည်တွင်း အစိုးရဝက်ဘ်ဆိုက်အပါအဝင် တစ်ခြား ဝက်ဘ်ဆိုက်ပေါင်း ၂၀ ကို တူရကီဟက်ကာများမှ တိုက်ခိုက်လာပြီးနောကပ် UGMH ဟာ တူရကီအစိုးရဝက်ဘ်ဆိုက်အပါအဝင် တစ်ခြားဝက်ဘ်ဆိုက်ပေါင်း ၇၀၀ ကျော်နဲ့ ဆာဗာ ၁၁ လုံးကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဒီနောက် တူရကီဟက်ကာများနဲ့ မြန်မာဟက်ကာများအကြား cyber war ကို ရပ်တန့် ဖို့ သဘောဆွေးနွေးခဲ့ပေမယ့် ပျက်ပြယ်သွားတယ်လို့ လည်း သိရပါတယ်။

play

 

ဒီအတွင်းမှာ မြန်မာနိုင်ငံမှာရှိတဲ့ ၀က်ဘ်ဆိုက်တွေအနေနဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေဖြစ်ပေါ်လို့ရှိရင် နည်းပညာ အကူအညီရယူနိုင်ဖို့  မြန်မာနိုင်ငံကွန်ပျူတာ အရေးပေါ် တုံ့ပြန်မှုအဖွဲ့ (mmCERT) ကိုဆက်သွယ်နိုင် တယ်လို့ သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video