Local News: မြန်မာနိုင်ငံကို အာဆီယံရဲ့ Digital Hub ဖြစ်လာဖို့ အကောင်အထည်ဖော်နေ

မြို့ နဲ့ ကျေးလက်ဒေသများအကြား နည်းပညာနဲ့ အင်တာနက် အသုံးပြုနိုင်မှု ကွာဟချက်များကိုပါ ထိထိရောက်ရောက် လျှော့ ချသွားမှာပါ။

စီးပွားရေး ၊ လူမှုရေးနဲ့ ပညာရေးကဏ္ဍများ ဖွံ့ ဖြိုးတိုးတက်စေဖို့ နဲ့ မြန်မာနိုင်ငံကို အာဆီယံရဲ့ Digital Hub တစ်ခု ဖြစ်လာစေဖို့ ဖော်ဆောင်နေတယ်လို့ နိုင်ငံတော် ဒုသမ္မတ ဦးဟင်နရီ ဗန်ထီးယူက ဒစ်ဂျစ်တယ် စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှု ကော်မတီအစည်းအဝေးမှာ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

play

 

နေပြည်တော်မှာ ကျင်းပတဲ့ ဒီဂျစ်တယ် စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှု ကော်မတီ အစည်းအဝေး (၁/၂၀၁၇) ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

အာဆီယံနိုင်ငံများမှာ ဒစ်ဂျစ်တယ်စီးပွားရေးကို တိုင်းပြည်ရဲ့ ပင်မစီးပွားရေးကဏ္ဍအဖြစ် နှစ်အလိုက် ရည်မှန်းချက်တွေ ချမှတ်နေသလို မြန်မာနိုင်ငံမှာလည်း တိုင်းဒေသကြီးများနဲ့  ပြည်နယ်အသီးသီးမှာ ရှိတဲ့ ပြည်သူလူထုအားလုံး ဒစ်ဂျစ်တယ်နည်းပညာ အကူအညီနဲ့ စီးပွားရေး ၊ လူမှုရေးနဲ့ ပညာရေး ကဏ္ဍအသီးသီးမှာ အခြေအနေကောင်းတွေ ဖွံ့ ဖြိုးစေဖို့ နဲ့ ထိုမှ တစ်ဆင့်  အာဆီယံရဲ့ Digital Hub တစ်ခု အထိ ဖြစ်လာဖို့ ရည်မှန်းထားတာ ဖြစ်တယ်လို့ လည်း ဒစ်ဂျစ်တယ် စီးပွားရေး ဖွံ့ ဖြိုးတိုးတက်မှု ကော်မတီနာယက ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

play
Myanmar ဒစ်ဂျစ်တယ် အခွင့်အရေးဖိုရမ်

 

တိုင်းပြည်အတွင်း ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ ဖြိုးမှု ရရှိဖို့ အဆင့်ဆင့် ဆောင်ရွက်သွားမှာ ဖြစ်ပြီး ဒီထဲမှာ ပြည်တွင်း ကုမ္ပဏီများအနေနဲ့ နိုင်ငံတကာမှာ ယှဉ်ပြိုင်နိုင်စွမ်းရှိအောင်ပါ ဖော်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ဒါတင်မက မြို့ နဲ့ ကျေးလက်ဒေသများအကြား နည်းပညာနဲ့ အင်တာနက် အသုံးပြုနိုင်မှု ကွာဟချက်များကိုပါ ထိထိရောက်ရောက် လျှော့ ချသွားမှာ ဖြစ်သလို ဒစ်ဂျစ်တယ် နည်းပညာကို လူထုရဲ့ စီးပွားရေး နဲ့ ဝန်ဆောင်မှု လုပ်ငန်းများမှာ အသုံးချနိုင်အောင် ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ လည်း ဒုသမ္မတက အမှာစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။

Source: Internet Journal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ