AD
AD
AD
play

 

ပြောင်းလဲနေတဲ့ ခေတ်နဲ့အညီ စီးပွားရေးလုပ်ငန်းတွေမှာ လက်ရှိအသုံးပြုနေတဲ့ Digital Marketing ပညာရပ်အကြောင်းကို ဆွေးနွေးမယ့် “Digital Media ခေတ်နဲ့ သင်တို့ရဲ့ စီးပွားရေး” ဆိုတဲ့ Talk Show ကို လာမယ့် ဧပြီလ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီမှာ ရန်ုကုန်မြို့ Park Royal Hotel (Ballroom) မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဒီ Talk Show မှာ ဒီနေ့ခေတ်စီးပွားရေးနဲ့ပတ်သက်ပြီး သိထားရမယ့် Digital Marketing အကြောင်းအရာတွေကို အောင်မြင်ကျော်ကြားနေတဲ့ လုပ်ငန်းရှင်တွေက အသေးစိတ် ဆွေးနွေးပြောကြားသွားမှာဖြစ်ပြီး အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းရှင်/ဆိုင်ရှင်တွေ ၊ ၀န်ဆောင်မှုလုပ်ငန်းရှင်တွေ တက်ရောက်သင့်တဲ့ ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ Speaker တွေအနေနဲ့ ဦးသောင်းစုငြိမ်း - CEO of Information Matrix Co., Ltd၊ ဦးမျိုးမင်း - President & CEO of PS Business School၊ ဦးထွန်းထွန်းစိုး (Executive Project Director of Young Investment Group Co., Ltd) နဲ့ မအေးသီတာဝင်းအောင် (Director of Signature Wedding & Events Planning) တို့က ပါဝင်ဆွေးနွေးသွားမှာဖြစ်ပြီး Samsung Myanmar ရဲ့ Digital Marketing Manager ကိုဇင်ဆက်က Moderator အနေနဲ့ပါဝင်သွားမှာ ဖြစ်ပါတယ်။

Traditional Marketing နဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေကြတဲ့ လုပ်ငန်းရှင်တွေ၊ Wedding Service ၀န်ဆောင်မှု လုပ်ကိုင်နေကြတဲ့ လုပ်ငန်းရှင်တွေ၊ လက်လီဆိုင်ရှင်တွေနဲ့ Digital Marketing ကို စိတ်ဝင်စားသူတွေ တက်ရောက်သင့်တဲ့ ပွဲတစ်ခုလည်းဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲက  လူဦးရေ ကန့်သတ်ထားတာဖြစ်လို့ တက်ရောက်ချင်သူတွေအနေနဲ့ ဧပြီလ ၂၆ ရက်နောက်ဆုံးထားပြီး ဖုန်းနံပတ် ၀၉ ၇၆၀ ၈၉ ၈၉ ၂၂ ကိုဆက်သွယ်ကာ ရုံးချိန်အတွင်း အမြန်ဆုံးစာရင်းပေးနိုင်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD