လူမှုစီးပွားလုပ်ငန်းတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ အခွင့်အလမ်းတွေအကြောင်းကို ဆွေးနွေးသွားမှာပါ။
Sponsored bylogo
 

Duwun မီဒီယာကနေ စီစဉ်တင်ဆက်မယ့် စိန်ခေါ်မှုတွေနဲ့ အခွင့်အလမ်းတွေအကြောင်း ဆွေးနွေးမယ့် Duwun Talks စကားဝိုင်းကို လာမယ့်သြဂုတ်လ ၂၆ ရက် ညနေ ၃ နာရီခွဲမှာ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ် မင်းတုန်းခန်းမမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒီစကားဝိုင်းမှာ Speaker လေးဦးနဲ့ Moderator တစ်ဦးတို့က လူမှုစီးပွားလုပ်ငန်းတွေ မြန်မာနိုင်ငံမှာရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ အခွင့်အလမ်းတွေအကြောင်းလို့ နာမည်ပေးထားတဲ့ ခေါင်းစဉ်တစ်ခုကို ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ Moderator အဖြစ်ဆောင်ရွက်မယ့် ဒေါက်တာသူကြွယ်ခန့်စိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒေါက်တာသူကြွယ်ခန့်စိုးက လက်ရှိအချိန်မှာ Health Guide မဂ္ဂဇင်းရဲ့ Managing Editor အဖြစ်ဆောင်ရွက်နေပြီး Social Enterprise Consultant  Trainer အဖြစ်ဆောင်ရွက်နေသူဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်မှာ ဆေးတက္ကသိုလ်(၁) ကနေ M.B.B.S ဘွဲ့ကို ရရှိခဲ့ပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ်က ချီးမြှင့်တဲ့ စီးပွားရေးအထူးပြု Diploma ကို၂၀၁၅ ခုနှစ်မှာ ရရှိခဲ့ပါတယ်။ ဒေါက်တာဆရာဝန်ဘွဲ့ကို ရရှိခဲ့ပြီး နောက်ပိုင်း ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်တဲ့ ကျေးလက်နေ ပြည်သူတွေကို အခမဲ့ဝန်ဆောင်မှုပေးတဲ့ ပရဟိတအဖွဲ့ဖြစ်တဲ့ For All Man Kind Charity Group (FAMCG) အဖွဲ့ကို တည်ထောင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ ပြည်တွင်းပြည်ပ လူသားချင်းစာနာမှု အကျိုးပြု NGO အဖွဲ့အစည်းတွေမှာ ကုသတဲ့ဆရာဝန်အဖြစ် ပူးပေါင်းပါဝင် ဆောင်ရွက် ခဲ့ပါတယ်။ ယခု လက်ရှိ အချိန်တွင် Royal Village Co., Limited မှာ Chief Operating Officer တစ်ယောက်အဖြစ် သူ့၏ စွန့်ဦးတီထွင် လုပ်ငန်းရှင် အိပ်မက်ကို အကောင်အထည်ဖော်နေတယ်လို့ ဆိုပါတယ်။ဒါ့အပြင် Shape Entertainment Weekly Journal, Health Guide Monthly Magazine နဲ့ မီဒီယာဝန်ဆောင်မှု လုပ်ငန်းတွေကို ဦးစီးနေတဲ့သူတစ်ဦးဖြစ်ပါတယ်။

Share

Loading Next Article...
က္က