AD
AD
AD

Duwun ကပြုလုပ်တဲ့ အစားအသောက်လုပ်ငန်းနဲ့ စွန့်ဦးတီထွင်ခြင်း ဆွေးနွေးပွဲကို ဧပြီလ ၂၈ ရက်နေ့မှာ ရန်ကုန်မြို့ ဆီဒိုးနာဟိုတယ်မှာပြုလုပ်ခဲ့ပါတယ်။

အစားအသောက်နဲ့ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်း တည်ထောင်ချင်သူတွေ၊ နောက်ပြီး အများနဲ့ မတူဘဲ နည်းလမ်းသစ်တွေ နဲ့ ထိုးဖောက်လိုသူတွေ အတွက် ရည်ရွယ်ကျင်းပခဲ့တဲ့ ဒီ ဆွေးနွေးပွဲက အစားအသောက်လုပ်ငန်းနဲ့ စွန့်ဦးတီထွင်ခြင်းဆိုင်ရာ လုပ်ငန်းမှာ လုပ်ကိုင်နေသူတွေလာရောက်ခဲ့ကြတာလည်းဖြစ်ပါတယ်။

play

 

“ ကျွန်တော်တို့ စစချင်းတုန်းကဆို အစားအသောက်ဖြစ်တဲ့ ကြေးအိုးကို အဲကွန်းခန်းထဲရောင်းဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတဲ့ အသံတွေနဲ့ ရင်ဆိုင်ရတယ်။ကျွန်တော်က ကျွန်တော်လုပ်တက်တဲ့ ကြေးအိုးတစ်ခုတည်းကိုပဲအာရုံစိုက်ပြီးလုပ်ရင်းကနေ အခုဆို ရင် ကျွန်တော်တို့ ကိုယ်ပိုင် receipe လုပ်နိုင်လာပြီ။  ” လို့ YKKO စားသောက်ကုန်လုပ်ငန်းက မန်နေဂျင်းဒါရိုက်တာ ဦးကျော်ကျော်နိုင်က  သူ့ရဲ့စားသောက်ဆိုင်လုပ်ငန်းအတွေ့အကြုံတွေကို  ပြောပါတယ်။

ဒီပွဲမှာ အစားအသောက်လုပ်ငန်းနယ်ပယ်မှာ ထင်ရှားသူတွေဖြစ်တဲ့ ဦးမြင့်သူရလှိုင်၊ ဒေါက်တာဟိန်းဇော်ညို ၊ ဦးအောင်ကျော်မိုး၊ ဦးကျော်ကျော်နိုင် တို့ က ပါဝင်ဆွေးနွေးဟောပြောခဲ့တာလည်းဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD