အလှပရေးရာ စိတ်ဝင်စားသူတွေနဲ့ စွန့်ဦးတီထွင်သူတွေ တက်ရောက်သင့်ပါတယ်။
 

အလှအပရေးရာဝန်ဆောင်မှု စီးပွားရေးလုပ်ငန်းနဲ့ စွန့်ဦးတီထွင်မှုလုပ်ငန်းတွေကို စိတ်ပါဝင်စားသူတိုင်း လက်မလွှတ်သင့်တဲ့ စကားဝိုင်းဆွေးနွေးပွဲကို လာမယ့် ဇူလိုင်လ ၁ ရက်နေ့ ညနေ ၃ နာရီခွဲကနေ ၅ နာရီခွဲအထိ Sedona ဟိုတယ်မှာ ကျင်းပတော့မှာပါ။

Chivas Venture ရဲ့အဓိကကူညီပံ့ပိုးမှုနဲ့ မြန်မာနိုင်ငံရဲ့လူကြိုက်အများဆုံး ဓူဝံ အွန်လိုင်းမီဒီယာက စီစဉ်ကျင်းပမယ့် "အလှအပရေးရာ ဝန်ဆောင်မှု စီးပွားရေးလုပ်ငန်းများဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲ" က သင့်ရဲ့အလှအပဖန်တီးမှုဝါသနာကို စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ထူထောင်နိုင်ဖို့ အကောင်းဆုံးကူညီပေးနိုင်မှာပါ။

 

"Entrepreneurship in Beauty and Aesthetic Business" ဆိုတဲ့ခေါင်းစဉ်နဲ့ကျင်းပသွားမယ့် ဒီစကားဝိုင်းဆွေးနွေးပွဲက အလှအပရေးရာ ဝန်ဆောင်မှုစီးပွားရေး လုပ်ကိုင်လိုသူတွေ၊ လက်ရှိလုပ်ကိုင်နေသူတွေ လက်မလွတ်တမ်းတက်ရောက်သင့်တဲ့ စကားဝိုင်းဆွေးနွေးပွဲတစ်ခု ဖြစ်ပါတယ်။

ဒီစကားဝိုင်းဆွေးနွေးပွဲမှာ အလှအပရေးရာကျွမ်းကျင်ဆရာဝန်တွေ၊ Beauty Blogger တွေနဲ့ လက်ရှိအလှအပရေးရာ ဝန်ဆောင်မှု စီးပွားရေး လုပ်ငန်း လုပ်ကိုင်နေသူတွေဖြစ်တဲ့ ဒေါ်ကြင်ပို (Fancy House)၊ မဝင်းမင်းသန်း (Beauty Blogger)၊ ဒေါက်တာဇော်မင်းဦး(Dr Z) နဲ့ အလှဖန်တီးရှင် ခင်စန်းဝင်းတို့က ပါဝင်ဆွေးနွေးသွားမှာ ဖြစ်လို့ ဗဟုသုတတွေအများကြီးရနိုင်မှာဖြစ်လို့ လက်မလွတ်သင့်တဲ့ အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။

 

ဒီလိုအခွင့်အရေးမျိုးကို လက်မလွှတ်ရလေအောင် ဒီနေရာကနေ တစ်ဆင့် စာရင်းပေးသွင်းပြီး အခမဲ့တက်ရောက် နိုင်ပါတယ်။ ခုံနေရာအရေအတွက် ကန့်သတ်ထားတာဖြစ်လို့ စာရင်းပေးသွင်းသူတွေကို ဦးစားပေးသွားမှာဖြစ်သလို Walk In (စာရင်းပေးသွင်းထားခြင်းမရှိလည်း တက်ရောက်နိုင်) အနေနဲ့လည်း အခမဲ့ဝင်ရောက်နိုင်ပါတယ်လို့ သတင်းကောင်းလေးပါးလိုက်ပါရစေနော်။

စာရင်းသွင်းရန်

Share

Loading Next Article...
က္က