စွန့်ဦးတီထွင်လုပ်ငန်းရှင် တွေရဲ့အတွေ့အကြုံတွေကို ပြန်လည်ဝေမျှတဲ့ ဆွေးနွေးပွဲဖြစ်ပါတယ်။
Sponsored bylogo
 

ဓူဝံမီဒီယာ မှစီစဉ်ပြီး Chivas:The Venture မှ အဓိက ကူညီပံ့ပိုးပေးသည့်  Duwun Talks:Employee to Entrepreneur (ဝန်ထမ်းဘဝမှသည် စွန့်ဦးတီထွင်လုပ်ငန်းရှင်အဖြစ်သို့) စကားဝိုင်းဆွေးနွေးပွဲတစ်ရပ်ကို အောက်တိုဘာ ၂၀၁၆ တွင်Melia Hotel Yangon ၌ကျင်းပခဲ့သည်။

 

ဆွေးနွေးပွဲတွင် လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင် ၃ ဦးဖြစ်သည့် ဦးစိုးဟိန်း(Founder and CEO of SME Business Institute)၊ ဒေါ်အေးမြတ်နိုးသူ (Founder of Beauty Valley Spa) နှင့် ဦးကျော်ရွှေမင်း(Founder and Main Photographer of Dior Wedding Dress and Photo Studio)တို့မှဖြတ်သန်းခဲ့သည့် အတွေ့အကြုံ များကို ရင်းရင်းနှီးနှီး၊ ပွင့်ပွင့်လင်းလင်းပြန်လည်မျှဝေပေးခဲ့သည်။

 

အဆိုပါပွဲတွင် ဦးမျိုးကျော်သူ(Founder - Myanmar Legal & Business Updates) မှ Moderator အဖြစ်ဆောင်ရွက်ပေးခဲ့သည်။ Duwun Talks: Employee to Entrepreneur ဆွေးနွေးပွဲတွင် ပါဝင်ဆွေးခဲ့ကြသူများမှာ ဆွေးနွေးပွဲခေါင်းစဉ်အတိုင်း ဝန်ထမ်းဘဝမှ အောင်မြင်သည့်စွန့်ဦးတီထွင်လုပ်ငန်းရှင်း ဖြစ်လာကြသူများ ဖြစ်သည်။

 

ဆွေးနွေပွဲကို နှစ်ပိုင်းခွဲကျင်းပခဲ့ပြီး ပထမပိုင်းတွင် စွန့်ဦးတီထွင်လုပ်ငန်းရှင် သုံးဦးနှင့် Moderater ဦးမျိုးကျော်သူတို့၏ စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပခဲ့သည်။

 

ဒုတိယပိုင်းတွင်း ဆွေးနွေးပွဲတက်ရောက်လာသည့် ပရိသတ်များမှ မေးမြန်သည့် မေးခွန်းများကို စွန့်ဦးတီထွင်လုပ်ငန်းရှင်များက ပြန်ဖြေကြားသည့်အစီအစဉ်ဖြစ်သည်။ Duwun Talks:Employee to Entrepreneu (ဝန်ထမ်းဘဝမှသည် စွန့်ဦးတီထွင်လုပ်ငန်းရှင်အဖြစ်သို့) စကားဝိုင်းကို Facebook မှ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး ကြည့်ရှုကြသည့် ပရိသတ်များမှ မေးမြန်းထားသည့် မေးခွန်းများကိုလည်း စွန့်ဦးတီထွင်လုပ်ငန်းရှင်များက ပြန်လည်ဖြေကြားခဲ့သည်။

 

ယခုကျင်းပခဲ့သည့် ဆွေးနွေးပွဲကို The Venture မှ အဓိက ကူညီပံ့ပိုးပေးခဲ့ခြင်းဖြစ်သည်။ Chivas:The Venture သည် နိုင်ငံတကာတွင်လည်း စွန့်ဦးတီထွင် လုပ်ငန်းများနှင့်သက်ဆိုင်သော ဆွေးနွေးပွဲများကို ပံ့ပိုးကူညီလျက်ရှိကြောင်း သိရသည်။ စွန့်ဦးတီထွင်လုပ်ငန်းများကို စိတ်ပါဝင်စားသူ လူငယ်များအတွက် ယခုကဲ့သို့ ဆွေးနွေးပွဲများကို မကြာခဏ ကျင်းပသွားရန် Duwun Media မှ စီစဉ်ထားကြောင်း သိရသည်။

Share

Loading Next Article...
က္က