Local News: "ဝန်ထမ်းဘဝမှသည် စွန့်ဦးတီထွင်လုပ်ငန်းရှင်အဖြစ်သို့" Duwun Talks ဆွေးနွေးပွဲ အနှစ်ချုပ်

ဝန်ထမ်းဘဝကနေ လုပ်ငန်းရှင်ဘဝကို ဘယ်လိုကူးပြောင်းမလဲဆိုတာ ဆွေးနွေးဝေမျှ ခဲ့ပါတယ်။

play

 

သုံးကြိမ်မြောက် Duwun Talk ဟောပြောပွဲကို Melia Hotel Yangon မှာ ကျင်းပခဲ့ပြီး ဦးစိုးဟိန်း၊ ဦးကျော်ရွှေမင်းနဲ့ ဒေါ်အေးမြတ်နိုးသူတို့က ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ဒီဟောပြောပွဲအတွက် အဓိက ပံ့ပိုးကူညီပေးခဲ့တာက Chivas The Venture က ဖြစ်ပါတယ်။

အဓိက ခေါင်းစဉ်တပ် ဆေးနွေးခဲ့တဲ့ အကြောင်းအရာက ဝန်ထမ်းဘဝမှသည် စွန့်ဦးတီထွင် လုပ်ငန်းရှင်အဖြစ်သို့ ဆိုတဲ့ အကြောင်းအရာ ဖြစ်ခဲ့ပြီး ပါဝင်ဆွေးနွေးခဲ့သူတွေကလည်း ဝန်ထမ်းဘဝကနေ လုပ်ငန်းရှင်ဘဝကို တက်လှမ်းနိုင်ခဲ့သူတွေ ဖြစ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်း လုပ်လိုသူတွေအနေနဲ့ ဝန်ထမ်းဘဝကနေ လုပ်ငန်းရှင်ဘဝကို ဘယ်လို ကူးပြောင်းမလဲဆိုတာတွေ မေးမြန်းဆွေးနွေးခဲ့ကြတာပါ။

play

 

ဒီပွဲကို Modretor အဖြစ် ဦးမျိုးကျော်သူက တာဝန်ယူပေးခဲ့ပြီး ပရိသတ်တွေဘက်က သိလိုသမျှတွေကို လက်ရှိအောင်မြင်နေတဲ့ လုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးဟောပြောခဲ့ကြပါတယ်။

ဒီပွဲမှာ ပါဝင်ဆွေးနွေးခဲ့တဲ့ ဒေါ်အေးမြတ်နိုးသူဆိုရင် အရင်က လေယာဉ်အော်ပရေတာ ဝန်ထမ်းအဖြစ်လုပ်ခဲ့ဖူးပြီးနောက်ပိုင်းမှာ Media Planner

အဖြစ် ရွှေ့ပြောင်းလုပ်ကိုင်ခဲ့သူပါ။ အဲဒီနောက်မှာ အလုပ်ကထွက်ပြီး ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ သူမ ပထမဆုံး ခြေလှမ်း စလှမ်းလိုက်တဲ့ အချိန်မှာပဲ စိန်ခေါ်မှုနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဆွေးနွေးပြောပြခဲ့ပါတယ်။

play

 

ပထမဆုံး ဖွင့်တဲ့ဆိုင်ကို ၇ ရက်တည်းနဲ့ ပိတ်ခဲ့ရတဲ့အထိ ဆုံးရှုံးမှု ရှိခဲ့သူပါ။ အခုတော့ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းတစ်ခုနဲ့ ဆိုင်ခွဲပေါင်း သုံေးလးဆိုင်လောက်ဖွင့်ထားပြီးပြီ ဖြစ်နေပါတယ်။

နောက်ထပ် ပါဝင်ဆွေးနွေးခဲ့သူ ကိုကျော်ရွှေမင်းဆိုရင် ကျောင်းပြီးပြီးချင်း နိုင်ငံခြားထွက်ခဲ့ပေမယ့် စတူဒီယိုတစ်ခုမှာ ဂရက်ဖစ်ဒီဇိုင်နာအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ရသူပါ။ ပညာလိုချင်စိတ်ရှိလို့ ဂရက်ဖစ်ဒီဇိုင်းအပြင် ဓာတ်ပုံပညာကိုပါ တွဲဖက်သင်ယူနိုင်ခဲ့တာ သူ့အတွက် အမြတ်ထွက်ခဲ့ပါတယ်။ အခုတော့ မြန်မာနိုင်ငံမှာ Dior စတူဒီယို တစ်ခုဖွင့်ထားပြီးအောင်မြင်လျှက်ရှိပါတယ်။ စတူဒီယို စဖွင့်ကာစက ဝတ်စံ ၅ စုံတည်းနဲ့ စခဲ့ရပေမယ့် အခုတော့ ဝတ်စုံ ၅၀၀ ကျော်ရှိတဲ့ စတူဒီယိုကြီးတစ်ခု ဖြစ်နေပါပြီ။ လုပ်ငန်းတစ်ခုစတင်တဲ့အခါ သေးတာ၊ ကြီးတာက အဓိက မကျဘူးဘဆိုတာ ကိုကျော်ရွှေမင်းရဲ့ စတူဒီယိုက သက်သေပြနေပါတယ်။

play

 

 ဦးစိုးဟိန်းကတော့ လက်ရှိမှာလည်း စွန့်ဦးတီထွင်နဲ့ပတ်သတ်တဲ့ SME သင်တန်းကျောင်းကို တည်ထောင်ထားပြီး လူငယ်တွေထံ မျှဝေလျှက်ရှိပါတယ်။ သူ့ရဲ့အတွေ့အကြုံတွေက လူငယ်များအတွက် ဗဟုသုတရတဲ့အပြင် ရယ်စရာတွေပါ ထည့်ပြောခဲ့တာကြောင့် ပရိသတ်နှစ်ခြိုက်တဲ့ အတွေ့အကြုံ ဝေမျှမှု ဖြစ်ခဲ့ပါတယ်။

အစီအစဉ် ဒုတိယပိုင်းမှာ တက်ရောက်လာတဲ့ ပရိသတ်တွေနဲ့ ဒီဟောပြောပွဲကို facebook က တိုက်ရိုက်ကြည့်ရှုနေတဲ့ ပရိသတ်တွေက သိလိုတဲ့ မေးခွန်းတဲ့ မေးမြန်းပြီး ပါဝင်ဆွေးနွေးသူ လုပ်ငန်းရှင်တွေက ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။ နယ်မြို့တွေကတဆင့် ရန်ကုန်ကို ရွှေ့ပြောင်းရောက်ရှိလာကာ နည်းပါးတဲ့ လစာငွေနဲ့ ရပ်တည်နေရတဲ့ လူငယ်ဝန်ထမ်းတွေအတွက် ပိုပြီးအဆင်ပြေစေမယ့် နည်းလမ်းကိုလည်း လုပ်ငန်းရှင်တွေက ဝေမျှအကြံပြုခဲ့ပါတယ်။

play

 

ဆွေးနွေးမှုတွေပြီးဆုံးတဲ့အခါ တက်ရောက်လာသူအချင်းချင်း ဖလှယ်ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ကြပြီး ဟောပြောပွဲကို အဆုံးသတ်ခဲ့ပါတယ်။

အခုဆွေးနွေးပွဲဟာ Chivas The Venture ရဲ့ အဓိက ပံ့ပိုးကူညီမှုနဲ့ သုံးကြိမ်မြောက် Duwun Talks ကို ကျင်းပခဲ့တာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ