Duwun Talks စကားဝိုင်းဆွေးနွေးပွဲတွေကို ၂၀၁၆ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။
Sponsored bylogo

Chivas The Venture ရဲ့ အဓိက ကူညီပံ့ပိုးပေးမှုနဲ့ ဇူလိုင်လ ၂ ရက် Park Royal ဟိုတယ်မှာ ကျင်းပပြုလုပ်မယ့် Duwun Talks ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးသွားမယ့် ဒေါက်တာသိန်းနိုင် Chairman (ZENITH Group of Companies), KBZ Entrepreneur of the Year Award WINNER) ရဲ့ ကိုယ်ရေးအကျဉ်း ဖြစ်ပါတယ်။



ဒေါက်တာသိန်းနိုင်ကို ၂၄.၂.၁၉၈၉ က ရန်ကုန်မြို့ မှာ မွေးဖွားခဲ့ပါတယ်။ အ.ထ.က (၂) ကမာရွတ်မှ တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာ အောင်မြင်ခဲ့ပြီး ဆေးတက္ကသိုလ်(၁)မှာ ဆက်လက်ပညာသင်ယူခဲ့ပါတယ်။ ဆေးတက္ကသိုလ် (၁) မှ ၂၀၁၂ ခုနှစ်မှာ M.B.B.S ဆေးပညာဘွဲ့ရရှိခဲ့ပါတယ်။

ဘွဲ့ရရှိတဲ့အချိန်မှစပြီး စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦး ဖြစ်လာစေရန် အားထုတ်ကြိုးပမ်းခဲ့သူ ဖြစ်ပါတယ်။ ယခု အောင်မြင်စွာ ရပ်တည်နေနိုင်တဲ့ Zenith Group of Companies ရဲ့ အစောပိုင်းကာလတွေမှာ စီမံခန့်ခွဲမှုပိူင်း သာမက အရောင်းဝန်ထမ်းနှင့် Delivery ကိစ္စများအထိပါ ပါဝင်ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။

ဒေါက်တာသိန်းနိုင်ဟာ ဝန်ထမ်းတစ်ဦးသာရှိခဲ့တဲ့ ကုမ္ပဏီငယ်လေးတစ်ခုကို ဝန်ထမ်း ၂၀၀ကျော်ရှိတဲ့ ကုမ္ပဏီကြီး တစ်ခုအဖြစ်သို့ တစ်ဆင့်ချင်း ပြုစုပျိုးထောင်နိုင်ခဲ့ပါတယ်။

Zenith Strategic Group ရဲ့ အဓိကစီးပွားရေးလုပ်ငန်းများမှာ ဆေးဝါးနဲ့ လူသုံးကုန်ပစ္စည်းများ တင်သွင်း ဖြန့်ဖြူးရောင်းချခြင်း၊ လက်လီလက္ကား ဖြန့်ဖြူး ရောင်းချခြင်းနဲ့ Digital Marketing ပိုင်းဆိုင်ရာများ ဖြစ်ပါတယ်။ ဒေါက်တာသိန်းနိုင်ဟာ Myanmar Entrepreneurship Summit 2016 မှာ KBZ ဘဏ်က ချီးမြှင့်တဲ့ Entrpreneur of the Year Award ကို ရရှိထားသူလည်း ဖြစ်ပါတယ်။



Duwun Talks စကားဝိုင်းဆွေးနွေးပွဲတွေကို ၂၀၁၆ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တာဖြစ်ပြီး Entrepreneurship Journey: Overcoming the Odds to Win, Entrepreneurship : The Stories (Dreams into Reality), BRANDING in the world of Entrepreneurship  စတဲ့ ခေါင်းစဉ်တွေနဲ့လည်း ဆွေးနွေးပွဲတွေ ကျင်းပခဲ့ပါတယ်။

ယခု ဇူလိုင်လ ၂ ရက် Duwun Talks ကို စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ တက်ရောက်နိုင်မှာဖြစ်ပြီး ဆွေးနွေးပွဲကို ညနေ ၃း၃၀ နာရီကနေ ၆း၀၀ နာရီအထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က