Duwun Talks စကားဝိုင်းဆွေးနွေးပွဲတွေကို ၂၀၁၆ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။
Sponsored bylogo

Chivas The Venture ရဲ့ အဓိက ကူညီပံ့ပိုးပေးမှုနဲ့ ဇူလိုင်လ ၂ ရက် Park Royal ဟိုတယ်မှာ ကျင်းပပြုလုပ်မယ့် Duwun Talks ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးသွားမယ့် ဝင်းမင်းသန်း Make-up Artist / Blogger (Yangon In my Heart),Co-Founder (UNT Studio) ရဲ့ ကိုယ်ရေးအကျဉ်း ဖြစ်ပါတယ်။



မဝင်းမင်းသန်းကို ၁၉၈၃ ခုနှစ် ဖေဖော်ဝါရီလ (၁၆) ရက်နေ့မှာ ရန်ကုန်မြို့တွင် မွေးဖွားခဲ့ပါတယ်။ အထက (၂)  လသာမှာ ခုနှစ်တန်းအထိ ပညာသင်ကြားခဲ့ပြီး ILBC ကျောင်းမှ အထက်တန်း ပြီးမြောက်ခဲ့သူ ဖြစ်ပါတယ်။ York University, George Brown College မှာ ဆက်လက် ပညာသင်ကြားခဲ့ပြီး၂၀၀၆ - ၂၀၁၅ အထိ Canada နိုင်ငံ Toronto မြို့မှာ နေထိုင်ခဲ့ပါတယ်။

၂၀၀၈-၂၀၁၅ အထိ Fashion Industry မှာ Fashion Retail Manager အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ Customer Service Skill, Visual Presentation, Visual Merchandizing ကို အဓိကလုပ်ကိုင်ပြီး Employee Development နဲ့ Sale Development program များ လုပ်ကိုင် ခဲ့ပါတယ်။

Make-up ပညာနဲ့ပတ်သတ်ပြီး အွန်လိုင်းမှာ ကိုင်တိုင်ကြိုးစား လေ့လာခဲ့ပြီး မြန်မာပြည်ရဲ့ပထမဆုံး အမျိုးသမီး Beauty & Lifestyle Blog ဖြစ်တဲ့ Yangon In My Heart ကို ၂၀၁၃ မှာ တည်ထောင်ခဲ့ပါတယ်။ Beauty & Lifestyle နဲ့ပတ်သတ်ပြီး (အထူးသဖြင့်) ပညာပေး အမျိုးသမီး တစ်ကိုယ်ရေထိန်းသိမ်းမှု၊ အလှအပထိန်းသိမ်းမှု၊ သန့်ရှင်းရေး၊ ကျန်းမာရေး ကိစ္စများကို အလေးပေး ရေးသားတဲ့ Blogger တစ်ဦးအဖြစ် ရပ်တည်လျက်ရှိပါတယ်။

Digital Marketing Art Direction များကို UNT Digital မှာ တာဝန်ယူ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး Online Fashion Shop တစ်ခုအဖြစ် UNT Studio ကို ၂၀၁၇ နှစ်ဆန်းမှစပြီး လုပ်ကိုင်ခဲ့ပါတယ်။ ဒါ့အပြင် Personality Development နဲ့ Customer Service Training များကိုလဲ တာဝန်ယူ သင်ကြားပို့ချလျက်ရှိပါတယ်။



Duwun Talks စကားဝိုင်းဆွေးနွေးပွဲတွေကို ၂၀၁၆ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တာဖြစ်ပြီး Entrepreneurship Journey: Overcoming the Odds to Win, Entrepreneurship : The Stories (Dreams into Reality), BRANDING in the world of Entrepreneurship  စတဲ့ ခေါင်းစဉ်တွေနဲ့လည်း ဆွေးနွေးပွဲတွေ ကျင်းပခဲ့ပါတယ်။

ယခု ဇူလိုင်လ ၂ ရက် Duwun Talks ကို စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ တက်ရောက်နိုင်မှာဖြစ်ပြီး ဆွေးနွေးပွဲကို ညနေ ၃း၃၀ နာရီကနေ ၆း၀၀ နာရီအထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က