စွန့်ဦးတီထွင်လုပ်ငန်းနဲ့ လူမှုကွန်ယက်မားကတ်တင်း ဆိုတဲ့ ခေါင်းစဉ်ကို ဆွေးနွေးမယ့် စကားဝိုင်းဖြစ်ပြီး အခမဲ့ တက်ရောက်နိုင်ပါတယ်။
Sponsored bylogo

စွန့်ဦးတီထွင်လုပ်ငန်းတွေအတွက်  လူမှုကွန်ယက်ကို ဘယ်လိုအသုံးချမလဲဆိုတာ ဆွေးနွေးကြမယ့် Duwun Talks စကားဝိုင်းဆွေးနွေးပွဲကို ဇူလိုင်လ ၂ ရက်နေ့(မနက်ဖြန်)မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။

Chivas The Venture ရဲ့ အဓိက ကူညီပံ့ပိုးပေးမှုနဲ့ ပြုလုပ်မယ့် ဒီ Duwun Talks ဆွေးနွေးပွဲကို လာမယ့် ရန်ကုန်မြို့ အလံပြဘုရားလမ်းက Park Royal ဟိုတယ်မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ယနေ့ ကမ္ဘာပေါ်မှာ လူအများအပြား အသုံးပြုနေတဲ့ လူမှုကွန်ယက်တွေကို စွန့်ဦးတီထွင်လုပ်ငန်းတွေမှာ ဘယ်လို အသုံးချလို့ ရနိုင်မလဲ ဆိုတာကို "Entrepreneurial Success with Social Media Marketing" ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပသွားမှာဖြစ်ပါတယ်။



Duwun Talks ဆွေးနွေးပွဲမှာ Moderator အဖြစ် PR 9 Digital Marketing ရဲ့ ပူးတွဲတည်ထောင်သူ ဒါရိုက်တာ နေသာ@ စိုးညီညီထွန်းက တာဝန်ယူပေးသွားမှာ ဖြစ်ပါတယ်။ KBZ တစ်နှစ်တာစွန့်ဦးတီထွင်သူဆုရရှိထားပြီး Zenith Group of Companies ရဲ့ ဥက္ကဌ ဖြစ်တဲ့ ဒေါက်တာသိန်းနိုင်၊ Make-up Artist & Blogger (Yangon In My Heart) နဲ့ UNT Studio ရဲ့ Co-Founder မဝင်းမင်းသန်း ၊ KL Seven Car Sales Centre တည်ထောင်သူ နဲ့ MAMDA (Yangon) ရဲ့ဒုဥက္ကဌ ကိုကြည်သာဟန် တို့က ပါဝင်ဆွေးနွေသူတွေအဖြစ် တက်ရောက်ကြမှာ ဖြစ်ပါတယ်။


Duwun Talks: "Entrepreneurial Success with Social Media Marketing" စကားဝိုင်း ဆွေးနွေးပွဲကို စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ တက်ရောက်နိုင်ပြီး Park Royal ဟိုတယ်ရဲ့ Ballroom မှာ ဇူလိုင် ၂  ရက်နေ့ ညနေ ၃း၃၀ နာရီကနေ ၆း၀၀ နာရီအထိ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

Duwun Talks စကားဝိုင်းဆွေးနွေးပွဲကို Chivas The Vanture က အဓိကကူညီပံ့ပိုးပေးထားတာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က