Duwun Talks စကားဝိုင်းဆွေးနွေးပွဲတွေကို ၂၀၁၆ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။
Sponsored bylogo

Chivas The Venture ရဲ့ အဓိက ကူညီပံ့ပိုးပေးမှုနဲ့ ဇူလိုင်လ ၂ ရက် Park Royal ဟိုတယ်မှာ ကျင်းပပြုလုပ်မယ့် Duwun Talks ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးသွားမယ့် နေသာ @ ဒေါက်တာစိုးညီညီထွန်း Co-Founder & Director (PR 9 Digital Marketing), Freelance MC ရဲ့ ကိုယ်ရေးအကျဉ်း ဖြစ်ပါတယ်။



ဒေါက်တာစိုးညီညီထွန်းအား ဖခင် ဦးသန်းထွန်း၊ မိခင်ဒေါ်နုနုရီတို့မှ ၁၉၈၇ ခုနှစ် ဇွန်လ (၁၆) ရက်နေ့မှာ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် မွေးဖွားခဲ့ပါတယ်။ အ.ထ.က (၁) လသာမြို့နယ်မှာ အခြေခံပညာ အထက်တန်း အောင်မြင်ခဲ့ပြီး ရန်ကုန်မြို့ ဆေးတက္ကသိုလ် (၁) မှာ ဆက်လက် ပညာသင်ကြားခဲ့ကာ (၂၀၁၀) ခုနှစ်တွင် M.B.,B.S ဘွဲ့ရရှိခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှ စတင်ပြီး အစီအစဉ်တင်ဆက်သူအဖြစ် MRTV 4 နဲ့ Channel 7 ရုပ်မြင်သံကြားလိုင်းတွေမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ MRTV-4 ကျန်းမာရေး ကဏ္ဍ၊ Popular! Chatroom၊ the Guys View အစီအစဉ်များနဲ့ အခြားအစီအစဉ်များစွာကို  ကိုယ်တိုင်ဖန်တီး စီစဉ်ရေးသား ရိုက်ကူးတင်ဆက်ခဲ့သူ ဖြစ်ပါတယ်။

အိပ်မက်ဆုံရာ (ရာသက်ပန်) မှာ ဒေါက်တာစိုးညီညီထွန်း အစီအစဉ်တင်ဆက်သူအဖြစ် အသက်မွေးဝမ်းကြောင်း လုပ်ကိုင်ခဲ့ရာမှာ အထင်ရှားဆုံးမှတ်တိုင်များထဲမှ တစ်ခုဖြစ်လာခဲ့ပါတယ်။ ဒေါက်တာစိုးညီညီထွန်းဟာ MMDC မှ ဒါရိုက်တာသင်တန်း အသိအမှတ်ပြု လက်မှတ်ကိုလည်း ရရှိထားပါတယ်။

၂၀၁၇ ခုနှစ်မှာ Forever Group မှ အနားယူကာ စီးပွားရေးလုပ်ငန်းရှင်များ၊ NGO များ၊ အစိုးရအဖွဲ့အစည်းများအတွက် အခမ်းအနား အစီအစဉ်များ  စီစဉ်ရိုက်ကူးပေးတဲ့ ဝန်ဆောင်မှုလုပ်ငန်းကို စတင်ခဲ့ပါတယ်။

အဆိုပါ ဝန်ဆောင်မှုလုပ်ငန်းကို ဖက်ရှင်ဒီဇိုင်နာများ၊ ရုပ်ရှင် နှင့် ဓာတ်ပုံပညာရှင်များ၊ ရုပ်မြင်သံကြားထုတ်လုပ်ရေး ဌာနများ၊ မော်ဒယ်အေဂျင်စီများ၊ သရုပ်ဆောင်လုပ်ငန်းများ၊ ဂီတပညာရှင်များ၊ ဂီတဖန်တီးသူများ အစရှိတဲ့ ပုဂ္ဂိုလ်ပေါင်းများစွာနဲ့အတူ စီမံကိန်းပေါင်းများစွာကို ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ လက်ရှိ အချိန်မှာ PR 9 Digital Marketing ကို တည်ထောင်ထားပြီး ပြည်တွင်း ပြည်ပ Project ပေါင်းများစွာကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။



Duwun Talks စကားဝိုင်းဆွေးနွေးပွဲတွေကို ၂၀၁၆ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တာဖြစ်ပြီး Entrepreneurship Journey: Overcoming the Odds to Win, Entrepreneurship : The Stories (Dreams into Reality), BRANDING in the world of Entrepreneurship  စတဲ့ ခေါင်းစဉ်တွေနဲ့လည်း ဆွေးနွေးပွဲတွေ ကျင်းပခဲ့ပါတယ်။

ယခု ဇူလိုင်လ ၂ ရက် Duwun Talks ကို စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ တက်ရောက်နိုင်မှာဖြစ်ပြီး ဆွေးနွေးပွဲကို ညနေ ၃း၃၀ နာရီကနေ ၆း၀၀ နာရီအထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က