လူမှုစီးပွားလုပ်ငန်းတွေ မြန်မာနိုင်ငံမှာရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ အခွင့်အလမ်းတွေအကြောင်းတွေကို ဆွေးနွေးမှာပါ။
Sponsored bylogo
 

Duwun မီဒီယာကနေ စီစဉ်တင်ဆက်ပြီး စိန်ခေါ်မှုတွေနဲ့ အခွင့်အလမ်းတွေအကြောင်း ဆွေးနွေးမယ့် Duwun Talks စကားဝိုင်းကို လာမယ့်သြဂုတ်လ ၂၆ ရက် ညနေ ၃ နာရီခွဲမှာ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ် မင်းတုန်းခန်းမမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒီစကားဝိုင်းမှာ Speaker လေးဦးနဲ့ Moderator တစ်ဦးတို့က လူမှုစီးပွားလုပ်ငန်းတွေ မြန်မာနိုင်ငံမှာရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ အခွင့်အလမ်းတွေအကြောင်းလို့ နာမည်ပေးထားတဲ့ ခေါင်းစဉ်တစ်ခုကို ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ Speaker အဖြစ်ဆောင်ရွက်မယ့် မမီမီမျိုးဝင်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

မမီမီမျိုးဝင်းက ရန်ကုန်စီးပွားရေးတက္ကသိုလ်ကနေ B.Econ (Bachelor of Economics) နဲ့ MPA (Master of Public Administration) ဘွဲ ကိုရရှိထားပြီး Social Enterprise Consultant Network Myanmar ကို တည်ထောင်သူ ဖြစ်ပါတယ်။

ဗြိတိသျှကောင်စီမြန်မာရဲ့ Society Programmes Manager ဖြစ်တဲ့ မမီမီမျိုးဝင်းက လူမှုစီးပွားရေးဆိုင်ရာ ကျွမ်းကျင်မှု ပရိုဂရမ် (Social Enterprise) ကိုလည်း ဦးဆောင်သူဖြစ်ပါတယ်။ မီမီမျိုးဝင်းက ဗြိတိသျှကောင်စီ မြန်မာမှာ ၁၇နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ပညာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းတွေမှာ ၂၀၀၈ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

၂၀၀၉ ခုနှစ်ကနေစပြီး လူ့အဖွဲ့အစည်း အကျိုးပြုလုပ်ငန်းတွေကို ပိုမိုဆောင်ရွက်နိုင်ဖို့ ဗြိတိသျှကောင်စီရဲ့ လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်မှု ပရိုဂရမ်မှာ ပါဝင်ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။

ဗြိတိသျှကောင်စီ ( Global Social Enterprise Programme ) က ဗြိတိန်နိုင်ငံနဲ့ နိုင်ငံတကာမှာ လူမှုစီးပွားရေးနဲ့ လူမှုရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဖော်ဆောင်မှုများကို ပိုမိုပူးပေါင်းပါဝင်ပြီး ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးမှုကို ရရှိစေရန် အထောက်အကူပြုပါသည်။

 

Share

Loading Next Article...
က္က