ယနေ့မနက် ၁၂း၅၆ အချိန်က ပဲခူးရိုးမလယ်ကို ဗဟိုပြုပြီး ဖြူးမြို့အနောက်တောင်ဘက် ၁၇ မိုင်ခန့်အကွာမှာ ပြင်းအား ၆ အဆင့်ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါတယ်။ ဒါ့အပြင် နောက်ဆက်တွဲအနေနဲ့ ပြင်းအား ၅ဒသမ၃ နဲ့ သုံးကြိမ် နဲု့ပြင်းအာ ၄ ဒသမ ၇ နဲ့ တစ်ကြိမ် လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ ငလျင်ဒဏ်ကို ဖြူး၊တောင်ငူ၊ဇီးကုန်း၊ ပြည်၊ပဲခူး၊ နေပြည်တော်နဲ့ ရန်ကုန်အနီးတ၀ိုက်တို့မှာ ငလျင်ဒဏ်ကို ခံစားခဲ့ကြရပြီး ကြီးမားတဲ့ပျက်စီးမှုတစ်စုံတစ်ရာမရှိဘူးလို့ မိုးဇလ ဦးစီးဌာနရဲ့ မြေငလျင်ဌာနခွဲက လက်ထောက်ညွှန်ကြားရေးမှုး ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောပါတယ်။

play

 

"ကျွန်တော်တို့ အခုထိကောက်ခံရရှိထားတဲ့ အချက်အလက်တွေအရ အပျက်အစီးတစ်စုံတစ်ရာမရှိသေးပါဘူး။ညက ဖြစ်ခဲ့တဲ့ငလျင်က ပြင်းအားလည်းများသလို shallow လည်းအတန်အသင့် ရှိတဲ့အတွက် နောက်ဆက်တွဲငလျင်တွေကို သတိပြုသင့်ပါတယ်" လို့ ပြောပါတယ်။ ပြင်းအား ၆ ရှိသည့် ငလျင်ကြောင့် နောက်ဆက်တွဲအနေဖြင့် အဓိက ဗဟိုပြုလှုပ်ခတ်ခဲ့သည့်ဖြူးမြို့နယ်အနီးတ၀ိုက်တွင် နောက်ဆက်တွဲ ငလျင်များထပ်လှုပ်ခတ်နိုင်ဖွယ်ရှိပြီး တောင်ငူနှင့် ပြည်အနီးတ၀ိုက်တို့တွင် သတိပြုရန်လိုတယ်လို့ ပြောဆိုထားပါတယ်။

play

"ကျွန်မတို့ မနေ့ကတော့ တစ်နာရီဝန်းကျင်လောက်မှာပေါ့ ငလျင်စလှုပ်တာကို သတိထားမိတာပါ။ အချိန်က ငါးမိနစ်လောက်တော့ ကြာလောက်တယ်။ တစ်ခါတည်းနဲ့ ပြီးတာမဟုတ်ဘူး။ နောက်ထပ်သုံးကြိမ်လောက်ထပ်လှုပ်တာ။ ကျွန်မတို့က ဒီထက်ငလျင်ပြင်းရင် ဆည်ကျိုးကျမှာကိုပဲစိုးရိမ်တာ။ အရင်တုန်းက လှုပ်တာထက်တော့ ဒီတစ်ခါက ပိုလည်းကြာတယ်။ ပိုလည်းပြင်းတယ်။ အနီးအနား တ၀ိုက်မှာတော့ အပျက်အစီးတွေတော့ မကြားမိဘူး"လို့ ဖြူးမြို့နယ် ထန်းကုန်းရပ်ကွက်မှာနေတဲ့ ဒေါ်သောင်းသောင်းမြင့်က ပြောပါတယ်။

play

 

ဖြူးမြို့အနောက်တောင်ဘက်ကိုဗဟိုပြုပြီး ဒီနေ့မနက်အစောပိုင်း ၁၂ နာရီ ၅၆ မိနစ်မှာ အင်အား ရစ်ခ်ျတာစကေး ၆.၀ ၊ ၁ နာရီ ၈ မိနစ်၊ ၁၂ မိနစ်နဲ့ ၁၄ မိနစ်တွေမှာ အင်အား ၅.၃ အဆင့်ရှိ ငလျင် ၃ ကြိမ်နဲ့ မနက်အစောပိုင်း ၂ နာရီ ၉ မိနစ်မှာ အင်အား ၄.၇ အဆင့်ရှိ ငလျင် ၁ ကြိမ်တို့ လှုပ်ခတ်ခဲ့တယ်လို့ မိုးဇလဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

Photos: Myanmar Earthquake Committee

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video