Local News: Eleven စီအီးအိုနဲ့ အယ်ဒီတာချုပ်တို့ကို အင်းစိန်ထောင်ကိုပို့

တစ်နေ့တည်းအပြီး ရဲစစ်ချက်ရယူတာတွေနဲ့ အမှုတည်ဆောက်၊ ရမန်ယူတာတွေ ပြုလုပ်ခဲ့တာပါ။

play

 

ဆက်သွယ်ရေး ဥပဒေနဲ့ တရားစွဲဆိုခံရတဲ့ Eleven Media Group စီအီးအို ဒေါက်တာသန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ်ဦးဝေဖြိုးတို့က အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို နိုဝင်ဘာ ၁၁ ရက်မှာ လာရောက်အဖမ်းခံပြီး အဲဒီနေ့မှာပဲ ရုံးထုတ်ရမန်ယူကာ အင်းစိန်ထောင်ကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

‘‘ဒီနေ့ ၁ နာရီမှာ ဒေါက်တာ သန်းထွဋ်အောင်နဲ့ ကိုဝေဖြိုးက ကျွန်တော့်ရုံးကိုလာပြီး ဒီအမှုနဲ့ ပတ်သက်ပြီးလာရောက် အဖမ်းခံပါတယ်။ အဖမ်းခံတဲ့အတွက် ဒီအမှုကို ကြီးကြပ်ဆောင်ရွက်ပေးတဲ့ ကျွန်တော်က အမှုစစ်အဖွဲ့ရှိတဲ့ တာမွေရဲစခန်းကို လက်ရှိလာပို့ပါတယ်။ ပြီးရင်အမှုနဲ့ ပတ်သက်ပြီး တည်ဆောက်မယ်။ သက်သေခံပစ္စည်း သိမ်းဆည်း သင့်တာသိမ်းဆည်းမယ်’’လို့ ဒုရဲမှူးကြီးမြင့်ထွေးက သတင်းထောက်တွေကို ပြောပါတယ်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်တိုင်ကြားခံထားရတဲ့ ဒေါက်တာ သန်းထွဋ်အောင်နဲ့ ကိုဝေဖြိုးကို နိုဝင်ဘာ ၁၁ ရက် တစ်နေ့တည်းအပြီး ရဲစစ်ချက်ရယူတာတွေနဲ့ အမှုတည်ဆောက်၊ ရမန်ယူတာတွေပြုလုပ်ကာ တာမွေမြို့နယ်တရားရုံးမှာ နိုဝင်ဘာ ၂၅ ရက်ကျရင် ရမန်ယူရုံးထုတ်ဖို့ ချိန်းဆိုထားတယ်လို့ ဆိုပါတယ်။

Source & Photo : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ