Local News: Eleven မုံရွာ သတင်းထောက် အသတ်ခံရမှုနဲ့ ပတ်သက်ပြီး သံသယရှိသူနှစ်ဦးကို စတင်စစ်ဆေး

ကိုစိုးမိုးထွန်းနောက်ဆုံးသွားခဲ့တဲ့ ကေတီဗွီဆိုင်က မန်နေဂျာနှစ်ဦးကို ခေါ်ယူစစ်ဆေးနေတာပါ။

play
ကိုစိုးမိုးထွန်း၏ ဈာပနအခမ်းအနားမြင်ကွင်း။

 

ဒီဇင်ဘာလ ၁၂ ရက်ညက မုံရွာမြို့မှာဖြစ်ပွားခဲ့တဲ့ Eleven Media မုံရွာမြို့ အခြေစိုက်သတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရမှုနဲ့ ပတ်သက်ပြီး သံသယရှိသူနှစ်ဦးကို ရဲတပ်ဖွဲ့က စတင်စစ်ဆေးနေတယ်လို့ မုံရွာမြို့ မြို့မ ရဲစခန်းကနေသိရပါတယ်။

ကိုစိုးမိုးထွန်းနောက်ဆုံးသွားခဲ့တဲ့ ကေတီဗွီဆိုင်က မန်နေဂျာနှစ်ဦးကို ခေါ်ယူစစ်ဆေးနေတာဖြစ်ပြီး သံသယရှိတယ်ဆိုပြီး မုံရွာမြို့နယ် တရားရုံးက ချုပ်ရက်ရမန်ယူကာ ဒီဇင်ဘာ ၁၉ ရက် ညနေမှာ စတင်ဖမ်းဆီး စစ်ဆေးနေတယ်လို့ မုံရွာမြို့ မြို့မရဲစခန်းမှူး ဒုရဲမှူးသိန်းဆွေမြင့်က ပြောပါတယ်။

play

 

‘‘လူသတ်မှုနဲ့ ပတ်သက်ပြီး သက်သေခံတုတ်လည်း သိမ်းဆည်းရမိပါ ပြီ။ သတင်းရရှိရေးအတွက် လူ ၃၀ကျော် စစ်ဆေးခဲ့တယ်။ မနေ့ (ဒီဇင် ဘာ ၁၉ ရက်) ညနေကစပြီး သံသယ ရှိသူနှစ်ဦးကို ရဲစခန်းမှာချုပ်နှောင်ပြီး စစ်ဆေးနေတာပါ။ တရားရုံးက တရားဝင်ချုပ်ရက်ရမန်ကို ဒီဇင်ဘာ ၁၉ ရက်ကနေ ဇန်နဝါရီ ၂ ရက်အထိ ပထမရမန်တောင်းပြီး စစ်ဆေးတာပါ’’လို့  ဒုရဲမှူးသိန်းဆွေမြင့်က ပြောပါတယ်။

သတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကို စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးရဲ့ ညွှန်ကြားချက်နဲ့ တိုင်းဒေသကြီး မှုခင်းအကူ ရဲတပ်ဖွဲ့၊ မုံရွာခရိုင်ရဲတပ်ဖွဲ့၊ မုံရွာမြို့နယ် ရဲတပ်ဖွဲ့နဲ့ စီအိုင်ဒီအဖွဲ့တို့ ပူးပေါင်းပြီး နေ့စဉ်စစ်ဆေးမှုတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Source : 7DayDaily

Photos : The Ladies News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ