Local News: Eleven စီအီးအို ဒေါက်တာသန်းထွဋ်အောင် အာမခံလျောက်ထားမှု ထပ်မံပယ်ချခံရ

ဒီဇင်ဘာ ၃၀ ရက် ရုံးချိန်းမှာ တရားလိုကို စတင်စစ်ဆေးမယ်လို့ သိရပါတယ်။

play

 

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုခံထားရတဲ့ Eleven Media စီအီးအို ဒေါက်တာသန်းထွဋ်အောင်နဲ့ Eleven နေ့စဉ်သတင်းစာ အယ်ဒီတာချုပ်ဦးဝေဖြိုးတို့ရဲ့ ဒုတိယအကြိမ် အာမခံလျှောက်ထားတာကို တာမွေမြို့နယ် တရားသူကြီးက ထပ်မံပယ်ချလိုက်ပြီး ဒီဇင်ဘာ ၃၀ ရက် ရုံးချိန်းမှာ တရားလိုကို စတင်စစ်ဆေးမယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂၂ ရက်က ဒေါက်တာသန်းထွဋ်အောင်နဲ့ ဦးဝေဖြိုးတို့ကို ငါးကြိမ်မြောက်ရုံးထုတ်ရာမှာ ဒေါက်တာသန်းထွဋ်အောင်ရဲ့ ကျန်းမာရေးကိစ္စနဲ့ ပတ်သက်ပြီး အင်းစိန်ထောင်ပိုင်ကြီးရဲ့  ပြန်ကြားမှုအပေါ်သုံးသပ်ပြီး အာမခံလျှောက်ထားတာကို ပယ်ချလိုက်တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

play

 

‘‘အထောက်အထားမခိုင်လုံဘူးဆိုပြီး ပယ်လိုက်တယ်။ ထောင်ဆရာဝန်မလာဘဲ သူ့ရဲ့ ကိုယ်စားထောင်ပိုင်ကြီးက ပြန် ကြားတာကို တွေ့ရတယ်။ အဲဒီအပေါ်မှာမူတည်ပြီးတော့ တရားသူကြီးက ပယ်ကြောင်းအမိန့်ချလိုက် တယ်။ အမိန့်ကိုနားထောင်လိုက် တဲ့အခါမှာတော့ ဆရာတို့တင်ပြ ထားတဲ့ အချက်တွေနဲ့ ကွဲလွဲနေ တာတွေ့ရတယ်။ အဲဒီအပေါ်မှာ စိစစ်ပြင်ဆင်ပြီးတော့ မူလရုံးမှာပဲ အချက်အလက်အသစ်နဲ့ တင်ရ မလား၊ ပြင်ဆင်မှုတက်ရမလားဆိုတာတော့ မဆုံးဖြတ်ရသေးဘူး’’လို့ ရှေ့နေဦးကြီးမြင့်က ပြောပါတယ်။

ဒေါက်တာသန်းထွဋ်အောင်က ဒီဇင်ဘာ ၉ ရက်မှာ တာမွေ မြို့နယ် တရားရုံးကို တတိယအကြိမ် ရုံးထုတ်မလာခင် အင်းစိန်ထောင်မှာ ချော်လဲခဲ့လို့ ဒဏ်ရာရခဲ့တာနဲ့ အရင်ကတည်းက ကျန်းမာရေးမကောင်းလို့ အာမခံပေးဖို့ ရှေ့နေ ဦးကြီးမြင့်က လျှောက်ထားတာဖြစ်ပါတယ်။

Source & Photos : 7DayDaily,The Voice

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ