တရားလိုရန်ကုန်တိုင်းအစိုးရအဖွဲ့ညွှန်ကြားရေးမှုးဦးအောင်ကျော်ခိုင်ကို စတင်စစ်ဆေးခဲ့ပါတယ်။

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုခံထားရတဲ့ Eleven မီဒီယာမှ သတင်းသမား (၃) ဦးကို ဒီနေ့ အောက်တိုဘာ ၁၇ ရက်နေ့မှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

ပထမအကြိမ်မြောက်ဖြစ်တဲ့ရုံးထုတ်စစ်ဆေးရာမှာတော့ တရားလိုဖြစ်သူ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားရေးမှုး ဦးအောင်ကျော်ခိုင်ကို စတင်စစ်ဆေးခဲ့ပါတယ်။

ဒီနေ့ုရုံးထုတ်ရာမှာတော့ အချုပ်လွတ်ထုချေခွင့် (အာမခံ)ကို တာမွေမြို့နယ်တရားသူကြီးထံကို လျှောက်ထားခဲ့တာဖြစ်ပြီးတော့ လာမယ့်ရုံးချိန်းမှာ အာမခံပေးမပေးကို အဆုံးအဖြတ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

 

 

အောက်တိုဘာ ၂၆ ရက်နေ့ူမှာ နောက်ထပ်ရုံးချိန်းကို ချိန်းဆိုခဲ့တာဖြစ်ပြီးတော့ တရားလိုကိုပဲဆက်လက်စစ်ဆေးမှာဖြစ်တယ်လို့ သိရပါတယ်။

Eleven Media-Group မှ အယ်ဒီတာချုပ် ကိုကျော်ဇော်လင်း၊ တာဝန်ခံအယ်ဒီတာ ကိုနရီမင်းနဲ့ သတင်းထောက်ချုပ် ကိုဖြိုးေ၀၀င်းတို့ကိုတိုင်း အစိုးရက အောက်တိုဘာ ၈ ရက်ထုတ် Weekly Eleven ဂျာနယ် စာမျက်နှာ ၂၆ မှာဖော်ပြထားတဲ့ ဆောင်းပါးနဲ့ ပတ်သတ်ပြီးန နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲ ဆိုခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့က Eleven အယ်ဒီတာချုပ် ကိုကျော်ဇော်လင်းအပါအဝင် ၃ ဦးကို တာမွေမြို့နယ်တရားရုံးမှာ အမှုဖွင့်ခဲ့ပြီး ရုံးထုတ်ရမန်ယူခဲ့ပါတယ်။

အဲ့ဒါနဲ့ပါတ်သတ်ပြီးတော့ အယ်ဒီတာချုပ် ကိုကျော်ဇော်လင်း၊ တာဝန်ခံအယ်ဒီတာ ကိုနရီမင်းနဲ့ သတင်းထောက်ချုပ် ကိုဖြိုးေ၀၀င်းတို့ကို အဆိုပါ သတင်းသမား ၃ ဦးမှာ အင်းစိန်အကျဉ်းထောင်ကို ပို့ဆောင်ထားတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က