ကောင်စီကနေ ခေါ်ထားတာလို့ ပြောပါတယ်။

Weekly Eleven တွင် ဖော်ပြပါရှိခဲ့သော ဆောင်းပါးနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က အောက်တိုဘာ ၁၈ရက်နေ့က လာရောက်တိုင်ကြားခံတယ်လို့ ကောင်စီကပြောပါတယ်။

 

Photo - PMT



သတင်းမီဒီယာ ဥပဒေမှာ တော့ သက်ဆိုင်ရာ လူဖြစ်စေ အဖွဲ့အစည်းဖြစ်စေ သတင်းကြောင့်နစ်နာခဲ့ရင် ကောင်စီကိုအရင်ဆုံးအကြောင်းကြားပြီးမှဟာ တရားဆွဲဆိုဖို့ ဆိုတာပါပေမယ့် ရန်ကုန်တိုင်းအစိုးရကတော့ တရားအရင်ဆွဲပြီးမှတိုင်ကြားခဲ့တာပါ။



"တကယ်တော့ Eleven ဖက်က တင်ပြထားတဲ့စာပေါ်မှာ အစိုးရအဖွဲ့က တာဝန်ရှိသူကို ကောင်စီက ခေါ်လို့လာတဲ့သဘောပါပဲ။"လို့ သတင်းမီဒီယာ ကောင်စီက ဦးမြင့်ကျော်က Duwun ကိုု။



Eleven Media Group မှ အယ်ဒီတာချုပ် ကိုကျော်ဇောလင်း၊ တာဝန်ခံ အယ်ဒီတာ ကိုနရီမင်းနှင့် သတင်းထောက်ချုပ် ကိုဖြိုးဝေဝင်း တို့အား အောက်တိုဘာလ(၈)ရက်နေ့ထုတ် Weekly Eleven New ဂျာနယ်စာမျက်နှာ (၂၆) တွင်ဖော်ပြထားသော ဆောင်းပါးနှင့် ပတ်သက်ပြီး ညှိနှိုင်းဆောင်ရွက်ပေးရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသို့ ယနေ့ အောက်တိုဘာ ၁၈ ရက် နေ့တွင် လာရောက်တိုင်ကြားခဲ့တာပါ။



သတင်းမီဒီယာသမား ဖြိုးေ၀ (ဆောင်းပါးရှင်)၊ ကျော်ဇောလင်း (တာဝန်ခံ အယ်ဒီတာ)၊ နရီမင်း(တာဝန်ခံအယ်ဒီတာ) ၊ Eleven Media Group သတင်းမီဒီယာဌာနသည် သတင်းမီဒီယာဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ (က) (င)(ဆ) (ဈ) ပါ သတင်းမီဒီယာသမားတစ်ဦးရဲ့တာဝန်နှင့် ကျင့်ဝတ်စည်းကမ်းများကို ချိုးဖောက်သည့်အတွက် ညှိနှိုင်းဖြေရှင်းပြီး အရေးယူ ပေးပါရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသို့ တိုင်ကြားခဲ့ခြင်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က