တိုင်းအစိုးရက အမှုရုပ်သိမ်းလွှာတင်ခဲ့တာပါ။

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ ရန်ကုန်တိုင်းအစိုးရက တရားစွဲဆိုထားတဲ့ Eleven မီဒီယာက သတင်းသမား ၃ ဦး အမှု ကို ဒီကနေ့ နိုဝင်ဘာ ၉ ရက် တရားရုံးချိန်းမှာ အမှု ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က Duwun ကိုပြောပါတယ်။


 

 

“ တရားရုံးမှာ ခုနကလေးတင်ပဲ အမှု ရုပ်သိမ်းခွင့်အမိန့်ချလိုက်ပါပြီ။ “ ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

တရားစွဲဆိုခံထားရတဲ့ Eleven မီဒီယာမှ အယ်ဒီတာချုပ် ကိုကျော်ဇောလင်း၊ တာဝန်ခံ  အယ်ဒီတာ ကိုနရီမင်းနဲ့ သတင်းထောက်ချုပ် ကိုဖြိုးေ၀၀င်းတို့ ၃ ဦးရဲ့ အမှုကို  တိုင်းအစိုးရအဖွဲ့ရုံးညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က ဒီကနေ့ နိုဝင်ဘာ ၉ ရက်မှာ တာမွေမြို့နယ်တရားရုံးမှာ အမှုရုပ်သိမ်းလွှာတင်ခဲ့တာပါ။

အောက်တိုဘာ ၈ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်မှာပါရှိတဲ့ ‘အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ ‘လူနာမည်ပေါက် ပြည်သူ့ရှယ်ယာ’ ဆောင်းပါးနဲ့ ပတ်သက်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ သတင်းသမား ၃ ဦး တရားစွဲဆိုခဲ့ခံရပြီး နှစ်ပတ်ကျော်ကြာ အချုပ်ကျခဲ့တာလည်း ဖြစ်ပါတယ်။

အခုလို အမှုရုပ်သိမ်းလွှာမတင်ခင် နိုဝင်ဘာ ၈ ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ဝန်ကြီးချုပ်ရုံးခန်းမှာ MRTV၊ MRTV – 4၊ MITVနဲ့ Sky Net သတင်းဌာန စတဲ့ မီဒီယာအချို့ကိုသာဖိတ်ကြားပြီး တိုင်းအစိုးရကတရားစွဲထားတဲ့ Eleven Media  ကိစ္စကိုသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာကြောင့် သတင်းသမားအချို့က ဝေဖန်ပြောဆိုမှုတွေရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က