Local News: Eleven Media Group တာဝန်ရှိသူတွေကို ရဲတပ်ဖွဲ့က ဆင့်ခေါ်စာပေးပို့

ဖမ်းမလား၊ ခေါ်စစ်မှာလား၊ လွှတ်ထားမှာလားဆိုတာ ရဲစခန်းရဲ့အပိုင်းပဲ ဖြစ်တယ်။

play

 

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ တိုင်တန်းခံထားရတဲ့ EMG တာဝန်ရှိသူတွေကို မနေ့ည ၉ နာရီလောက်က ရဲစခန်းက ဆင့်ခေါ်စာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၀ ရက် မနက် ၁၀ နာရီမှာ ရဲစခန်းကို လာရောက်ဖြေရှင်းဖို့ တာမွေမြို့မ ရဲစခန်းက အကြောင်းကြားခဲ့တာဖြစ်ကြောင်း အလဲဗင်းသတင်းစာသတင်းထောက်ချုပ် မာန်သူရှိန်က ပြောထားပါတယ်။ 

play

 

ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီး Eleven Media Group ဖေ့စ်ဘွတ်နဲ့ Than Htut Aung ဖေ့စ်ဘွတ်အကောင့်အသုံးပြုသူတွေအပေါ် ဆက်သွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်ပေးဖို့ ပူးတွဲပါ စာရွက်တွေနဲ့ အတူ အမှုဖွင့်ထားပါတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားပါတယ်။

play

 

 ဖမ်းမလား၊ ခေါ်စစ်မှာလား၊ လွှတ်ထားမှာလားဆိုတာ ရဲစခန်းရဲ့အပိုင်းပဲ ဖြစ်ပြီး ဥပဒေကြောင်းနဲ့အညီ သက်ဆိုင်ရာတွေက ဆောင်ရွက်ရမယ့်အပိုင်းပဲဖြစ်ပါတယ်လို့ ဦးဖြိုးမင်းသိန်းက ပြောထားပါတယ်။ ဒီချုပ်အစိုးရတက်လာပြီးနောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မီဒီယာတစ်ခုကို ဆက်သွယ်ရေးပုဒ်မနဲ့ ပထမဆုံးအကြိမ် အမှုဖွင့်ခြင်းလည်း ဖြစ်ပါတယ်။

Source: 7Day Daily
Photos : Kamayut Media, 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ