Local News: Eleven Media Group ကို ဖွင့်ထားတဲ့အမှု ရုတ်သိမ်းမှ သတင်းမီဒီယာကောင်စီ ကြားဝင်မယ်

သတင်းမီဒီယာ နည်းဥပဒေပုဒ်မ ၃၇ အရ ကောင်စီက ဆက်လက်ဆောင်ရွက်လို့ မရပါဘူး။

play

 

Eleven သတင်းစာရဲ့ ရေးသားဖော်ပြမှုတွေအပေါ် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီက ဖြေရှင်းပေးဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အကြောင်းကြားထားပေမယ့် အစိုးရအဖွဲ့ကနေ Eleven Media Group ကို ဖွင့်ထားတဲ့အမှု ရုတ်သိမ်းမှပဲ ဆက်လက်ဆောင်ရွက်ပေးမယ်လို့ စာနယ်ဇင်းကောင်စီက သတင်းထုတ်ပြန်လိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က Eleven Media Group နဲ့ စီအီးအို ဒေါက်တာသန်းထွဋ်အောင်ကို ဆက်သွယ်ရေး ပုဒ်မ ၆၆ နဲ့ နိုဝင်ဘာ ၉ ရက်မှာ အမှုဖွင့်ထားလို့ သတင်းမီဒီယာ နည်းဥပဒေပုဒ်မ  ၃၇ အရ ကောင်စီက ဆက်လက်ဆောင်ရွက်ဖို့ မဖြစ်နိုင်ဘူးလို့ သိရပါတယ်။

အဆိုပါ သတင်းမီဒီယာပုဒ်မက ကောင်စီကို တိုင်ကြားပြီးရင် ပြစ်မှုကြောင်းအရ ဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ တရားရုံးမှာ တရားစွဲဆိုရင် ကောင်စီကို တိုင်ကြားထားတဲ့ တိုင်ကြားလွှာကို ပြန်လည် ရုပ်သိမ်းရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

Source : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ