Local News: Eleven Media Group စီအီးအိုနဲ့ အယ်ဒီတာချုပ် တာမွေရဲစခန်းမှာ လာရောက် စစ်ဆေးခံ

, updated

၆၆(ဃ)က မမျှတတဲ့ ပုဒ်မ ဖြစ်တယ်လို့ အယ်ဒီတာချုပ် ဦးဝေဖြိုးကပြောပါတယ်။

play

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဆက်သွယ်ရေးပုဒ်မ ၆၆ နဲ့ တရားစွဲဆိုထားတဲ့ Eleven Media Group စီအီးအို ဒေါက်တာသန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့က ဒီနေ့ (နိုဝင်ဘာ ၁၁ ရက်) မွန်းလွဲ ၂:၃၀ မှာ တာမွေရဲစခန်းကို လာရောက်ပြီး စစ်ဆေးခံနေတယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

play

 

Eleven Media Group စီအီးအို ဒေါက်တာသန်းထွဋ်အောင် ရေးသားခဲ့တဲ့ 'ရွေးကောက်ပွဲ တစ်နှစ်ကြာသော်’ အယ်ဒီတာ့အာဘော်မှာ ပါတဲ့ ဒေါ်လာတစ်သိန်းခန့်တန် နာရီကိစ္စနဲ့ ပတ်သက်ပြီးThan Htut Aung ဖေ့စ်ဘွတ်အကောင့်နဲ့ Eleven Media Group ဖေ့စ်ဘွတ်စာမျက်နှာ သုံးစွဲသူတွေကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)နဲ့  တာမွေရဲစခန်းမှာ နိုဝင်ဘာ ၉ ရက်က အမှုဖွင့်ထားတာဖြစ်ပါတယ်။

တာမွေရဲစခန်းကို လာရောက်စစ်ဆေးခံတဲ့ အချိန်မှာ ရဲကားပေါ်ကဆင်းလာတဲ့ Eleven Media ရဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုးက ၆၆(ဃ)က မမျှတတဲ့ ပုဒ်မ ဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

Source & Photos : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ