Local News: လက်ပတ်နာရီကိစ္စ ရန်ကုန်တိုင်းအစိုးရကို Eleven Media Group တောင်းပန်ပြီ

ဒီနေ့ထုတ် Daily Eleven သတင်းစာမှာ တောင်းပန်စာ ဖော်ပြခဲ့တာပါ။

play

 

Daliy Eleven သတင်းစာနဲ့ စင်ကာပူနိုင်ငံထုတ် Straits Times သတင်းစာမှာ ရေးသားဖော်ပြခဲ့တဲ့ ရွေးကောက်ပွဲတစ်နှစ်ကြာသော် အမည်ရှိ အယ်ဒီတာ့အာဘော်အတွက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲတို့ကို တောင်းပန်တဲ့စာကို ဒီနေ့ထုတ် Daily Eleven သတင်းစာမှာ ဖော်ပြခဲ့တယ်လို့ သိရပါတယ်။

သတင်းစာမှာ ဖော်ပြချက်အရ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွဲဖက်ဖော်ပြခဲ့ရလို့ စိတ်မကောင်းဖြစ်ရကြောင်းနဲ့  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ပတ်သက်ပြီး မဟုတ်မမှန်အခြေအမြစ်မရှိဘဲ လွဲမှားတဲ့ အချက်အလက်တွေ ဖြစ်နေလို့ စိတ်မကောင်းဖြစ်ရတယ်လို့လည်း တောင်းပန်စာမှာ  ဖော်ပြထားပါတယ်။

play

 

" မှားယွင်းဖော်ပြခဲ့မိခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တစ်စုံတစ်ရာထိခိုက်နစ်နာမှုဖြစ်စေခဲ့တဲ့ သက်ဆိုင်သူများ မိမိတို့အနေနှင့် အနူးအညွတ် တောင်းပန်သွားမည်ဖြစ်ပါသည်"လို့ တောင်းပန်စာမှာ ပါရှိပါတယ်။

လက်ရှိအချိန်မှာတော့ Eleven Media Group စီအီးအို ဒေါက်တာသန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုထားပြီး တရားလို စတင်စစ်ဆေးတာကို လာမယ့် သောကြာနေမှာ ပြုလုပ်မယ်လို့ သိရပါတယ်။

Source : MMTimes

Photos : Ko Kyi Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ