Local News: Eleven Media စီအီးအို နဲ့ အယ်ဒီတာချုပ်တို့ကို ပထမဆုံးအကြိမ်ရုံးတင်

ဆက်သွယ်ရေး ပုဒ်မ ၆၆(ဃ)နဲ့ နိုဝင်ဘာလ ၉ ရက်နေ့မှာ အမှုဖွင့်ခဲ့တာပါ။

play

 

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုခံထားရတဲ့ Eleven Media Group စီအီးအို ဒေါက်တာသန်းထွဋ်အောင်နဲ့ Eleven နေ့စဉ်သတင်းစာ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို ဒီနေ့(နိုဝင်ဘာ ၂၅ ရက်)မနက်ပိုင်းက ပထမဆုံးအကြိမ် ရုံးတင်ခဲ့ပြီး တရားစွဲဆို ခံထားရသူတွေရဲ့ ရှေ့နေတွေက အာမခံလျှောက်ထားခဲ့ကြတယ်လို့ သိရပါတယ်။

ဒီလိုအာမခံလျှောက်ထားမှုကို တာမွေမြို့နယ်တရားသူကြီးက နိုဝင်ဘာ ၃၀ ရက်မှာ အာမခံပေး၊ မပေးကို အမိန့်ချမှတ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

play

 

Eleven Media Group စီအီးအို ဒေါက်တာသန်းထွဋ်အောင် ရေးသားခဲ့တဲ့ 'ရွေးကောက်ပွဲ တစ်နှစ်ကြာသော်’ အယ်ဒီတာ့အာဘော် မှာပါတဲ့ ဒေါ်လာတစ်သိန်းခန့်တန် နာရီကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က Eleven MediaGroup ဖေ့စ်ဘွတ်အကောင့် အသုံးပြုသူနဲ့  Than Htut Aung ဖေ့စ်ဘွတ် အသုံးပြုသူတို့ကို အာမခံမရတဲ့  ဆက်သွယ်ရေး ပုဒ်မ ၆၆(ဃ)နဲ့  နိုဝင်ဘာလ ၉ ရက်နေ့မှာ အမှုဖွင့်ခဲ့တာပါ။

Source : 7DayDaily

Photos : Kyaw Zin Than(7DayDaily)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ