Local News: မုံရွာအခြေစိုက် Eleven Media သတင်းထောက်တစ်ဦး အသတ်ခံရ

ဒီဇင်ဘာလ ၁၂ ရက် မနက် ၁ နာရီလောက်က အသတ်ခံခဲ့ရတာပါ။

play

 

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာ ဒီဇင်ဘာလ ၁၂ ရက် မနက် ၁ နာရီလောက်က Eleven Media သတင်းဌာနရဲ့ မုံရွာအခြေစိုက် သတင်းထောက်တစ်ဦး လုပ်ကြံသတ်ဖြတ်ခံခဲ့ရတယ်လို့ မုံရွာမြို့မ ရဲစခန်းကနေ သိရပါတယ်။

"သေဆုံးသူက Eleven သတင်းထောက် ကိုစိုးမိုးထွန်း ဖြစ်ပါတယ်။ ဦးခေါင်းပေါက်ပြဲနဲ့ မျက်နှာညိုမဲဖူးယောင် ဒဏ်ရာများနဲ့ သေဆုံးနေတာပါ’’လို့ မုံရွာမြို့မရဲစခန်းမှူး ဒုရဲမှူးသိန်းဆွေမြင့်က ပြောပါတယ်။

 မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်နဲ့ မြို့သစ်ရပ်ကွက်အကြား ၊ မုံရွာဂေါက်ကွင်းအရှေ့မြောက်ဘက်နားက ပြည်ထောင်စု လမ်းမကြီးပေါ်မှာ သေဆုံးနေတာဖြစ်ပြီး ဖြစ်စဉ်ကို မုံရွာမြို့မ ရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

လုပ်ကြံသတ်ဖြတ်ခံရတဲ့ သတင်းထောက် ကိုစိုးမိုးထွန်းက Hot News ဂျာနယ်မှာ မုံရွာအခြေစိုက်သတင်းထောက်လုပ်ကိုင်ခဲ့ပြီး လွန်ခဲ့တဲ့ နှစ်ကတည်းက Eleven နေ့စဉ် သတင်းစာရဲ့ မုံရွာအခြေစိုက်သတင်းထောက်အဖြစ် ပြောင်းလဲ လုပ်ကိုင်နေသူဖြစ်တယ်လို့ ဆိုပါတယ်။

Source : Ko Toe (Chintwin)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ