Local News: Eleven Media စီအီးအိုရဲ့ ကျန်းမာရေးဆေးစစ်ချက် အင်းစိန်အကျဉ်းထောင်ဆရာဝန် လာရောက်ထွက်ဆိုခြင်းမရှိ

အင်းစိန်အကျဉ်းထောင်မှာ အကျဉ်းသားဦးရေများလို့ဆိုပြီး မလာတာပါ။

play

 

ဆက်သွယ်ရေး ပုဒ်မ ၆၆ နဲ့ တရားစွဲတာခံထားရတဲ့ Eleven Media စီအီးအို ဒေါက်တာသန်းထွဋ်အောင်ကို အာမခံပေးဖို့လိုအပ်တဲ့ ကျန်းမာရေးထောက်ခံချက်၊ ဆေးစစ်ချက်တွေကို အင်းစိန်ထောင်ဆရာဝန်က တရားရုံးကို လာရောက်ထွက်ဆိုတာ ကင်းလွတ်ခွင့်ပေးဖို့ စာပို့အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

ဒေါက်တာ သန်းထွဋ်အောင်ရဲ့ကျန်းမာရေးဆေးစစ်ချက်တွေကို ဒီဇင်ဘာ ၁၅ ရက်မှာ လာရောက်ထွက်ဆိုပေးဖို့ တာမွေ မြို့နယ် တရားသူကြီးက အင်းစိန်အကျဉ်းထောင် ဆရာဝန်ထံ ဆင့်ခေါ်စာပေးပို့ခဲ့ပေမဲ့ အင်းစိန်အကျဉ်းထောင်မှာ အကျဉ်းသားဦးရေ သောင်းနှင့်ချီပြီး များပြားလို့ တရားရုံးကို လာရောက်ထွက်ဆိုခွင့် ကင်းလွတ်ခွင့်ပေးဖို့ အကျဉ်းထောင်ဆရာဝန်က တာမွေမြို့နယ် တရားရုံးကို အကြောင်းကြားစာ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

play

 

‘‘ဒီနေ့ ထောင်ဆရာဝန်ကို စစ်ရမယ့်နေ့ပါ။ ဆရာဝန်စစ်ဖို့ အတွက် တရားရုံးကလည်း သမ္မန်စာ ဆင့်ပါတယ်။ ထောင်ကနေပြီး စာပြန်လာပါတယ်။ သူတို့ထောင်မှာ အကျဉ်းသားတွေ အများအပြားဖြစ်နေလို့၊ သောင်းနှင့်ချီရှိနေလို့ ဆရာဝန်တွေဟာ အလုပ်တွေများပြီး ဒါကြောင့် ကင်းလွတ်ခွင့် ပေးပါပေါ့။ သူတို့မလာနိုင်ဘူးပေါ့။ တရားရုံးကို။ အဲဒီလို ပြောပါတယ်’’လို့ ဒေါက်တာသန်းထွဋ်အောင်နဲ့ ဦးဝေဖြိုးတို့ရဲ့အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

ဒေါက်တာ သန်းထွဋ်အောင်က ဒီဇင်ဘာ ၉ ရက်မှာ တာမွေ မြို့နယ်တရားရုံးကို တတိယအကြိမ် ရုံးထုတ်မလာခင် အင်းစိန်ထောင်မှာ ချော်လဲခဲ့လို့ ရခဲ့တဲ့ဒဏ်ရာနဲ့  ကျန်းမာရေးမကောင်းလို့ အာမခံပေးဖို့ ရှေ့နေ ဦးကြီးမြင့်က လျှောက်ထားခဲ့တာဖြစ်ပြီး လာမယ့် ဒီဇင်ဘာ ၂၂ ရက်မှာ ထပ်မံစစ်ဆေးဖို့ ချိန်းဆိုထားတယ်လို့ သိရပါတယ်။

Source & Photos : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ