Local News: ရန်ကုန်တိုင်းအစိုးရကို တောင်းပန်ခဲ့ပေမယ့် Eleven Media စီအီးအိုအာမခံ ပယ်ချခံရ

ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ တောင်းပန်တာတွေလုပ်ခဲ့တာလို့ ဆိုပါတယ်။

play

 

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်နဲ့ တိုင်းအစိုးရအဖွဲ့ကို တောင်းပန်စာထည့်သွင်းခဲ့ပေမယ့် Eleven Media စီအီးအို ဒေါက်တာသန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ်  ကိုဝေဖြိုးတို့ရဲ့ တတိယအကြိမ်မြောက်  အာမခံလျှောက်ထားတာကို တာမွေမြို့နယ်တရားသူကြီးက ထပ်မံပယ်ချခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၃၀ ရက်ကပြုလုပ်ခဲ့တဲ့ ရုံးချိန်းမှာ အာမခံလျှောက်ထားတာကို တာမွေမြို့နယ်တရားသူကြီးက ပယ်ချခဲ့ပြီး အဆိုပါနေ့မှာ စစ်ဆေးဖို့ရှိတဲ့ တရားလို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးညွှန်ကြားရေးမှူး ဦးမိုးဟိန်းက ခွင့်တိုင်ကြားခဲ့လို့  လာမယ့် ဇန်န၀ါရီ ၆ ရက်ကို ရုံးချိန်း ထပ်မံချိန်းဆိုခဲ့တယ်လို့ သိရပါတယ်။

‘‘တောင်းပန်တာက ကျွန်တော့်ရဲ့ Decision ပါ။ အချက်နှစ် ချက်ရှိတယ်။ နံပါတ်(၁)က ကျွန်တော့်ကျန်းမာရေးတော်တော် ချို့တဲ့တယ်။ နှလုံးရောဂါ တောက် လျှောက်ရနေတယ်။ အဲဒါဖြစ်နေ တော့။  နောက်တစ်ချက်က ဒီအစိုးရက ကျွန်တော်တို့ချစ်လို့၊ ကြိုက်လို့ တင်ထားတဲ့ အစိုးရဖြစ်တယ်’’လို့ ဒေါက်တာသန်းထွဋ်အောင်က တရားရုံးက အထွက်မှာ သတင်း ထောက်တွေကို ဖြေကြားခဲ့ပါတယ်။

play

 

Eleven နေ့စဉ်သတင်းစာနဲ့ နိုင်ငံပိုင်သတင်းစာတွေကနေတစ်ဆင့် တောင်းပန်တာတွေပြုလုပ်ခဲ့တာက ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်ပြီး ကျန်းမာရေးအခြေအနေအရနဲ့ ချစ်၍ကြိုက်လို့  တင်ထားတဲ့ အစိုးဖြစ်တာကြောင့်လို့ ဒေါက်တာသန်းထွဋ်အောင်က သတင်းထောက်တွေကို ပြောပါတယ်။

‘ရွေးကောက်ပွဲတစ်နှစ်ကြာသော်’ အယ်ဒီတာ့အာဘော်ဖော်ပြမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်အပေါ် အများပြည်သူက အထင်အမြင်လွဲမှားစေပြီး ၀န်ကြီးချုပ်ရဲ့ လုပ်ဆောင်ချက်တွေကို နှောင့်ယှက်ဖျက်ဆီးလိုတဲ့ ဆန္ဒနဲ့ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုတယ်ဆိုကာ Eleven Media Group ဖေ့စ်ဘွတ်ခ်အသုံးပြုသူနဲ့ Than Htut Aung ဖေ့စ် ဘွတ်ခ်အသုံးပြုသူတို့ကို ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)နဲ့ နိုဝင်ဘာ ၉ ရက်မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အမှုဖွင့်ထားတာဖြစ်ပါတယ်။

Source & Photo : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ