Local News: Eleven Media ကိုတရားစွဲထားတဲ့ကိစ္စ တရားရုံးကပဲ ဆုံးဖြတ်မယ်လို့ ရန်ကုန်ဝန်ကြီးချုပ်ပြော

တရားစီရင်ရေးမဏ္ဍိုင်ကပဲ ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်တယ်လို့ ဆိုပါတယ်။

play

 

ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲခံထားရတဲ့ Eleven Media စီအီးအို ဒေါက်တာသန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ကိုဝေဖြိုးတို့ရဲ့ကိစ္စက တရားစီရင်ရေးမဏ္ဍိုင်ရဲ့ကိစ္စဖြစ်လို့ တရားစီရင်ရေးမဏ္ဍိုင်ကပဲ ဆုံးဖြတ်ရမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောလိုက်ပါတယ်။

ဇန်န၀ါရီ ၇ ရက်က နေပြည်တော်စည်ပင်ဧည့်ရိပ်သာထဲမှာ ပြုလုပ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီးမှာ သတင်းထောက်တွေက တရားစွဲဆိုထားတာကို ပြန်လည်ရုပ်သိမ်းပေးဖို့အစီအစဉ်ရှိမရှိ မေးမြန်းတာကို ၀န်ကြီးချုပ်က အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။ ‘‘ဒီကိစ္စကတော့ တရားစီရင်ရေးမဏ္ဍိုင်ရဲ့ကိစ္စဖြစ်ပါတယ်။ တရားစီရင်ရေးမဏ္ဍိုင်ကပဲ ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်ပါတယ်’’လို့ ဦးဖြိုးမင်းသိန်းက ပြောခဲ့ပါတယ်။

play

 

ရန်ကုန်တိုင်း  ၀န်ကြီးချုပ်အပေါ် အများပြည်သူ အထင်အမြင်လွဲမှားစေပြီး  ဂုဏ်သရေပျက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ၀န်ကြီးချုပ်ရဲ့ လုပ်ဆောင်ချက်တွေကို နှောင့်ယှက်ဖျက်ဆီးလိုသော ဆန္ဒနဲ့ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုတယ်ဆိုပြီး Eleven Media စီအီးအိုနဲ့ အယ်ဒီတာချုပ်တို့ကို ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) နဲ့ နိုဝင်ဘာ ၉ ရက်မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအ ဖွဲ့က အမှုဖွင့်ထားတာဖြစ်ပါတယ်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲဆိုခံထားရတဲ့သော အလဲဗင်းမီဒီယာဂရု(ပ်)စီအီးအို ဒေါက်တာသန်းထွဋ်အောင်နဲ့ Elevenနေ့စဉ်သတင်းစာ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ရဲ့ ခြောက်ကြိမ်မြောက်ရုံးချိန်းမှာ အာမခံလျှောက်ထားတာကို တာမွေမြို့နယ် တရားသူကြီးက တစ်ဦးကို သိန်း ၅၀၀ နဲ့ အာမခံပေးခဲ့တာဖြစ်ပါတယ်။

Source : 7DayDaily

Photos : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ