AD
AD
AD
play
ကန့်သတ်တားမြစ်နယ်မြေမှာ အနိမ့်ပျံသန်းသွားသည့် Emirates လေကြောင်းလိုင်း၏ လမ်းကြောင်း။

 

မြို့ပြလေကြောင်းလိုင်းတွေမှာ မပျံသန်းဖို့ ကန့်သတ်တားမြစ်နယ်မြေမှာ အနိမ့်ပျံသန်းသွားတဲ့ Emirates လေကြောင်းလိုင်းက လေယာဉ်မှူးကို သက်ဆိုင်ရာ လေကြောင်းလိုင်းက အရေးယူဆောင်ရွက်နိုင်ဖို့ တရားဝင်အကြောင်းကြားထားတယ်လို့ ပြည်တွင်းလေကြောင်းဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ ယူအေအီးနိုင်ငံရဲ့ မြို့ပြလေကြောင်းဌာနကို တရားဝင်အကြောင်းကြားစာပေးပို့ထားပြီး သက်ဆိုင်ရာလေကြောင်းလိုင်းနဲ့ လေကြောင်းဌာနက စစ်ဆေးအရေးယူဆောင်ရွက်မှုကိုလည်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကို ပြန်လည်အကြောင်းကြားပေဖို့ ညှိနှိုင်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ရွှေတိဂုံစေတီတော်ပတ်ဝန်းကျင်အပါအ၀င် ရန်ကုန်မြို့ပြ ဧရိယာအတွင်း အမြင့်ပေ နှစ်သောင်းလေးထောင်အောက်ပျံသန်းမှုကို ကန့်သတ်တားမြစ်ထားတာဖြစ်ပြီး Emirates လေကြောင်းလိုင်းရဲ့ Boeing – 777-31H(ER) လေယာဉ်ဟာ မေ ၂၀ ရက်နေ့တုန်းက ရန်ကုန်-ဖနွမ်းပင်ခရီးစဉ်မှာ မြို့ပြ လေကြောင်းလိုင်းတွေ မပျံသန်းဖို့ ကန့်သတ်တားမြစ်နယ်မြေဖြစ်တဲ့ ရန်ကုန်မြို့ပေါ်ကနေဖြတ်သန်းပြီး အနိမ့်ပျံသန်းခဲ့တာ ဖြစ်ပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ ပတ်သတ်ပြီး မင်္ဂလာဒုံလေယာဉ်ကွင်းလေကြောင်းထိန်းသိမ်းရေးအဖွဲ့က လေယာဉ်မှူးကို မေးမြန်းရာမှာ ရာသီဥတု အခြေအနေကြောင့်လို့ ပြန်လည်ပြောကြားခဲ့ပြီး လေယာဉ်တက်ပြီး ခဏအကြာမှာ ရာသီဥတုမကောင်းလို့ တားမြစ်နယ်မြေထဲ ရောက်သွားတာလို့ ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Local News


AD