play

 

စွန့်ဦးတီထွင်လုပ်ငန်းအသစ်စတင်တည်ထောင်မှုပြိုင်ပွဲဖြစ်တဲ့ Entrepreneurship Startup Competition 2017 ပြိုင်ပွဲရဲ့ ဆုပေးပွဲအခမ်းအနားကို ဒီဇင်ဘာလ၊ ၁ ရက်နေ့က Sky Star ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်အမှာစကားပြောကြားပြီး ဆုချီးမြှင့်ပေးသွားခဲ့ပါတယ်။

ESC Myanmar ကနေစီစဉ်ကျင်းပတဲ့ ဒီပြိုင်ပွဲကို စီးပွားရေး၊လူမှုရေး၊ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စတဲ့နယ်ပယ်အသီးသီးမှာ တီထွန်ဆန်းသစ်မှုရှိတဲ့စီးပွားရေးလုပ်ငန်းတွေပေါ်ထွက်လာစေရေး အားပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပပြုလုပ်တာဖြစ်ကြောင်း ESC Myamar ရဲ့ပြောကြားချက်အရသိရပါတယ်။

play

 

ESC Myanmar 2017 ပြိုင်ပွဲကို နိုဝင်ဘာလ၊ ၁၉ ရက်နေ့နဲ့ ၂၀ ရက်နေ့တို့မှာ ပမာဏရွေးချယ်ပြိုင်ပွဲပြုလုပ်ခဲ့ပြီး နောက်ဆုံးအဆင့်ပြိုင်ပွဲကိုတော့ နိုဝင်ဘာ ၂၇ ရက်နေ့မှာကျင်းပပြုလုပ်ခဲ့တာပါ။

ယခုနှစ်ပြိုင်ပွဲကို စုစုပေါင်း လူငယ်စွန့်ဦးတီထွင်အဖွဲ့ ၁၉ ဖွဲ့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံးအဆင့်ကိုတော့ အဖွဲ့ ၁၃ ဖွဲ့ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။

play

 

အဲဒီလိုဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ လူငယ်စွန့်ဦးတီထွင်အဖွဲ့တွေကို သက်ဆိုင်ရာ နယ်ပယ်အသီးသီးက ကျွမ်းကျင်ပညာ ရှင်တွေက ပြိုင်ပွဲကာလအတွင်းမှာ လိုအပ်တဲ့သင်ကြားပြသမှုတွေပေးခဲ့ကာ ယှဉ်ပြိုင်စေပြီးမှ ဆုရွေးချယ်ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

Duwun အွန်လိုင်းမီဒီယာက Media Partner အဖြစ်ပူးပေါင်းပါဝင်ထားတဲ့ ဒီပြိုင်ပွဲမှာ နောက်ဆုံးအဆင့်ဝင်ရောက်ယှဉ် ပြိုင်ခွင့်ရတဲ့ အဖွဲ့ ၁၃ ဖွဲ့ထဲကနေမှ ဒီဇင်ဘာလ၊ ၁ ရက်နေ့မှာ အဖွဲ့ ၄ ဖွဲ့ကိုရွေးချယ်ကာ စတုတ္ထ၊တတိယ နဲ့ ဒုတိယ နဲ့ Winner ဆုတွေအသီးသီးရွေးချယ်ချီးမြှင့်ပေးခဲ့တာပါ။

ဆုပေးပွဲမှာဆုရရှိတဲ့အဖွဲ့တွေအတွက် လုပ်ငန်းသစ်တစ်ခုစတင်ဖို့ အထောက်အကူဖြစ်စေမယ့် ဆုလက်ဆောင်တွေ ချီးမြှင့်သွားခဲ့တာ ကိုလည်းတွေ့ရပါတယ်။

ESC Myanmar ဟာဆိုရင် မြန်မာနိုင်ငံမှာ စွန့်ဦးတီထွင် လူငယ်လုပ်ငန်းရှင်တွေပေါ်ထွက်လာစေဖို့အတွက် ရည်ရွယ် ကြိုးပမ်းလျက်ရှိတဲ့ လွတ်လပ်တဲ့အဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး ဒီပြိုင်ပွဲကို အောင်အောင်မြင်မြင်ကျင်းပနိုင်ဖို့အတွက် အချိန် ၇ လခန့်ကြိုးစားပြင်ဆင်ခဲ့ရတယ်လို့လည်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video