AD
AD
AD
play

 

EU က မြန်မာနိုင်ငံပညာရေးအတွက် ယူရို ၂၂၁ သန်း (မြန်မာကျပ်ငွေ ၃၅၆ ဘီလျံ) ကို ထောက်ပံ့သွားမှာဖြစ်တယ်လို့ မေလ ၉ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ Europe Day မှာ EU ရဲ့ သံအမတ်ကြီး Kristian Schmidt က ပြောကြားလိုက်ပါတယ်။

EU အဖွဲ့ဝင်နိုင်ငံတွေရဲ့ထောက်ပံ့ငွေ ယူရို ၂၂၁ သန်းကို မြန်မာနိုင်ငံရဲ့ ပညာရေးလုပ်ငန်းစဉ်တွေနဲ့ တစ်နိုင်ငံလုံးအတွက် အရည်အသွေးမြင့် ပညာရေးဖြစ်လာစေဖို့အတွက် ထောက်ပံ့ပေးတာဖြစ်တယ်လို့ သံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။

" မြန်မာနဲ့ EU အကြားက သံတမန်ဆက်သွယ်မှုက ဆယ်စုနှစ်လေးစုကျော် သက်တမ်းရှိနေပါပြီ။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖြစ်တည်မှု လမ်းကြောင်းမှာ EU အနေနဲ့ အရေးကြီးတဲ့ မိတ်ဆွေအနေနဲ့ ရပ်တည်နိုင်လာခဲ့ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ပေးနိုင်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

play

 

အဆိုပါထောက်ပံ့ငွေကို ပညာရေးဝန်ကြီးဌာနဆီကို တိုက်ရိုက်ထောက်ပံ့ပေးအပ်သွားမှာဖြစ်ပြီး မြန်မာ့ပညာရေးမှာ ရလာဒ်ကောင်းတွေပိုမို တိုးတက်ထွက်ပေါ်လာစေဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့ EU နဲ့ အကြားမှာ ကုန်သွယ်မှုတွေတိုးတက်ကောင်းမွန်နေတဲ့ အနေအထားမှာရှိနေတာဖြစ်ပြီး EU က မြန်မာ့ အထည်ချုပ်လုပ်ငန်းမှာ အကြီးဆုံးပို့ကုန်ဈေးကွက်အဖြစ် ရပ်တည်နေတာဖြစ်တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD