Facebook လူမှုကွန်ရက်ကို အခမဲ့ အသုံးပြုနိုင်တဲ့ Facebook Flex ဝန်ဆောင်မှုကို စက်တင်ဘာလ ၉ ရက်နေ့ ကစပြီး အသုံးပြုခွင့် ရပ်တန့် လိုက်တယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT က ကြေငြာလိုက်ပါတယ်။

play

 

MPT ဟာ Facebook Flex ဝန်ဆောင်မှုကို ၂၀၁၆ ခုနှစ် ဇွန်လထဲမှာ စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုဟာ ပရိုမိုးရှင်းအနေနဲ့ ဝန်ဆောင်မှု ပေးအပ်တာမဟုတ်ဘဲ Facebook နဲ့ သဘောတူညီချက်အရ အချိန်အကန့် အသတ်မရှိဘဲ အသုံးပြုခွင့် ပေးမယ်လို့ ကြေငြာထားတဲ့ ဝန်ဆောင်မှုကို ရပ်တန့် လိုက်တာလည်း ဖြစ်ပါတယ်။

Facebook Flex ဝန်ဆောင်မှုဟာ Facebook ပေါ်မှာ ဓါတ်ပုံနဲ့ ဗွီဒီယိုတွေ ကြည့်တာကလွဲပြီး ပို့ စ်များ ဖတ်ရှုခြင်း ၊ ချက်တင်ထိုင်ခြင်းနဲ့ တစ်ခြား Facebook ဝန်ဆောင်မှုတွေကို သုံးနိုင်တဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်။ အများပြည်သူအကြားမှာ MPT Free mode လို့ အပြောများတဲ့ ဝန်ဆောင်မှုလည်း ဖြစ်ပါတယ်။

 

အခမဲ့အသုံးပြုနိုင်တဲ့ Facebook ဝန်ဆောင်မှုကို ရပ်တန့် လိုက်ခြင်းအပေါ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။ MPT နဲ့ Facebook သုံးသူများဟာ Data Mode နဲ့ Free Mode ဆိုပြီး စိတ်ကြိုက်ရွေးချယ် အသုံးပြုနိုင်ပြီး Free Mode မှာတော့ Facebook ရဲ့ ဝန်ဆောင်မှုအတော်များများကို အခမဲ့ သုံးနိုင်ခဲ့ပါတယ်။

play

 

Facebook Flex ကို MPT မှ စတင် မိတ်ဆက်စဉ်က ဒီဝန်ဆောင်မှုဟာ တစ်ခြားအော်ပရေတာများရဲ့ ဈေးကွက်နဲ့ Startups များရဲ့ ဆန်းသစ်တီထွင်မှုကို အဟန့် အတား ဖြစ်စေတယ်လို့ ဝေဖန်မှုများ ရှိခဲ့တယ်လို့ လည်း သိရပါတယ်။

Source: 7 Day Daily Journal

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video