AD
AD
AD

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်ကို Facebook မှ အာရှပစိဖိတ်ဒေသ ဆိုင်ရာ မူဝါဒရေးရာညွှန်ကြားရေးမှူး Ms.Mia Carlick လာရောက်တွေ့ဆုံခဲ့တယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။ ဒီတွေ့ ဆုံမှုမှာ Facebook အသုံးပြုမှုဆိုင်ရာစံနှုန်းတွေ (Facebook Community Standards)၊ မူဝါဒတွေ၊ Counter Terrorisom နဲ့ပတ်သက်တဲ့အချက်တွေကို ဆွေးနွေး ခဲ့တယ်လို့ဆိုပါတယ်။

အဲဒါအပြင် Facebook ပေါ်မှာရေးသားပြောဆိုနေတဲ့ သတင်းအမှားတွေ၊ အမုန်းစကားတွေ (Hate Sppech) နဲ့ပတ်သက်ပြီး ပညာပေးဆောင်ရွက်မယ့်အစီအစဉ်တွေကိုလည်းဆွေးနွေးခဲ့ကြတယ်လို့သိ ရပါတယ်။ Facebook ဟာ သတင်းနဲ့ပတ်သက်တဲ့ အသိပညာပေးရေးလှုပ်ရှားမှု မြန်မာနိုင်ငံမှာဆောင်ရွက်နေပါတယ်။

လက်ရှိ Facebook အနေနဲ့ အဓိကအာရုံစိုက်နေတဲ့ ကဏ္ဍ (၄) ခုရှိပြီး အဲဒါတွေကတော့ စီးပွားရေးမက်လုံး ပေးမှုများကိုဖယ်ရှားခြင်း၊ အကောင့်တုများအားအရေးယူခြင်း၊ သတင်းမှာပြန့်ပွားခြင်းကိုထိန်းချုပ်ရန် နည်းလမ်းအသစ်များဖန်တီးခြင်း၊ သတင်းမှားများကို တွေ့သည့်အခါ အသိအမြင်ကြွယ်ဝပြီး မှန်ကန် သော ဆုံးဖြတ်ချက်များချမှတ်နိုင်ရန် အထောက်အကူပြုခြင်း စာတာတွေဖြစ်ကြောင်း Facebook က သတင်းထုတ်ပြန်ပါတယ်။

ှSource: Internet Journal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD