AD
AD
AD
play

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျီးကန်းပြင်ကျေးရွာမှာရှိတဲ့ ရဲကင်းစခန်းတွေကို ဇွန်လ ၁၀ ရက်နေ့က အကြမ်းဖက်သမားတွေ လာရောက် တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ မဟုတ်မှန်သတင်းကို လူမှုကွန်ရက်စာမျက်နှာ ဖေစ့်ဘုတ်မှာ ရေးသားဖော်ခဲ့သူကို ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မ ရဲစခန်းက အမှုဖွင့်စစ်ဆေးနေတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဇွန်လ ၁၂ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မြောက်ဦးမြို့၊ လက်ကောက်ဈေးရပ်ကွက်နေ ဖိုးသီဟ (ခ)မြတ်သူထွန်း(၃၄)နှစ်ဆိုသူက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ “Breaking New မောင်တော ည ၁၀ : ၁၅ အချိန် မောင်တောအနည်းဆုံး (၁၀)ဦး သေဆုံး၊ ကုလားအကြမ်းဖက်သမားများ ကျီးကန်ပြင်အနီး လာရောက် တိုက်ခိုက်သည့်အတွက် အပြန် အလှန်ပစ်ခတ်သံများဆူညံနေ -----၊ လတ်တလောသိရှိမှုအရ အနည်းဆုံး(၁၀)ဦးသေဆုံး၊ အကြောင်းဆုံး ထပ်မံတင်ပြပါမည်"ဆိုပြီး သတင်းတိုလေးခု ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ပြည်သူလူထု အထင်အမြင်လွဲမှားစေရန်နဲ့ ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးအဖွဲ့အစည်းတွေရဲ့ ဂုဏ်သိက္ခာကျဆင်းစေဖို့ ရည်ရွယ်ပြီး မဟုတ်မမှန်သတင်းတွေကို ဓာတ်ပုံနဲ့တကွ ရေးသားလွှင့်တင်ခဲ့သူ ဖိုးသီဟ(ခ) မြတ်သူထွန်းကို မြောက်ဦးမြို့မရဲစခန်းက (ပ)၉၂/၂၀၁၈၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၈(က)နဲ့  ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD