Local News: FBI က မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို သင်တန်းလာပေး

ပထမဆုံးအကြိမ် လာရောက်သင်တန်းပို့ချတာ ဖြစ်ပါတယ်။

play

 

အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI)က မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို  မှုခင်းတွေ ဖော်ထုတ်တိုက်ဖျက်ရာမှာ စွမ်းရည်တွေ မြှင့်တင်ပေးဖို့အတွက်  အလုပ်ရုံဆွေးနွေးပွဲနဲ့ သင်တန်းပေးတာတွေ လာရောက်ပြုလုပ်ပေးနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

FBI အနေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပထမဆုံးအကြိမ် လာရောက်သင်တန်းပို့ချတာဖြစ်ပြီး မြန်မာနိုင်ငံမှာ မှုခင်းတွေဖော်ထုတ် တိုက်ဖျက်ရာမှာ စွမ်းရည်တွေ မြှင့်တင်ပေးဖို့ သင်တန်းတွေလေ့ကျင့်ပေးတာနဲ့  နည်းပညာအထောက်အပံ့တွေ အကူအညီပေးသွားဖို့ အမေရိကန်ပြည်ထောင်စုက သန္နိဋ္ဌာန်ချထားတယ်လို့ အမေရိကန်သံရုံးက အောက်တိုဘာလ ၂၇ ရက်မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

play

 

ဒီသင်တန်းကို နှစ်လသင်ကြားပို့ချသွားမှာဖြစ်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ပြုပြင်ပြောင်းလဲရေးနဲ့ စွမ်းရည်မြှင့်တင်ရေး၊ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုရှိမှု၊ အရပ်ဘက်ပူးပေါင်းထိန်းချုပ်မှု၊ သက်ဆိုင်ရာလုပ်ငန်းတွေ ကိုကျွမ်းကျင်ပိုင်နိုင်မှု၊ လူ့အခွင့်အရေးတွေကို အကာအကွယ်ပေးမှု စတဲ့အချက်တွေကို ဖော်ဆောင်ပေးဖို့ ရည်ရွယ်တယ်လို့ သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

Source & Photos : U.S. Embassy Rangoon

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ