Local News: မှိုဆိပ်ပါဝင်တဲ့ နာမည်ကြီး ငရုတ်သီးမှုန့်တွေကို ဈေးကွက်ထဲကနေ ရုပ်သိမ်းဖို့ FDA ညွှန်ကြား

မြို့မဆင်ဖြူတော်၊ KSS နဲ့ ဘုတ်ဆုံမတို့လို နာမည်ကြီးတံဆိပ်တွေ ပါဝင်နေပါတယ်။

play

 

ပြည်တွင်းမှာ ဖြန့်ဖြူးရောင်းချနေတဲ့ ငရုတ်သီးအမှတ်တံဆိပ်ကိုးမျိုးမှာ မှိုဆိပ်(Aflatoxin B1) ပါဝင်နေတာကို စစ်ဆေးတွေ့ရှိခဲ့လို့ ဈေးကွက်ထဲကနေ ပြန်လည်ရုပ်သိမ်းဖို့ ညွှန်ကြားထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစားအသောက်နဲ့ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီထံကနေ သိရပါတယ်။

မှိုဆိပ်(Aflatoxin B1) ပါဝင်နေတဲ့ ငရုတ်သီးအမှတ်တံဆိပ်ကိုးမျိုးက ဒေါ်တင်ဆင်ဖြူကျွန်း၊ OK ထွန်း၊ မြို့မ ဆင်ဖြူတော်၊ ဖိုးဝငရုတ်သီးမှုန့်၊ မြန်မာရနံ့၊ ဒေါ်ထွေး၊ မခင်အေး(မော်လမြိုင်)၊ KSS ငရုတ်သီးမှုန့်နဲ့ ဘုတ်ဆုံမ ငရုတ်သီးမှုန့်တို့ဖြစ်တယ်လို့ ဆိုပါတယ်။

play

 

"ဈေးကွက်ထဲက ပစ္စည်းတွေက ကျွန်တော်တို့အကုန်သိမ်းပြီးပါပြီ။ အခုပစ္စည်းတွေက အသစ်ထပ်ထုတ်တာတွေပါ။ သူတို့အနေနဲ့ဒီငရုတ်သီးမှုန့်တွေကိုအသစ်ထပ်ထုတ်ရင်မှိုကင်းစင်အောင်သူတို့ဘက်က ထပ်ပြီး စစ်ဆေးမယ်။ FDA လက်မှတ်ကတော့ ရပြီးသားပါ။ မှိုကလည်းအစေ့မှာကတည်းကပါရင် ပြန်စိုက်လည်း ပါတဲ့အမျိုးပါ။ ဒါကြောင့်FDA နဲ့လုပ်ငန်းရှင်တွေ ပူးပေါင်းပြီး စိုက်ကွင်းတွေကိုပါ ကွင်းဆင်းပြီး သင်တန်းတွေပေးရမှာပါ"လို့ OK ထွန်း ငရုတ်သီးမှုန့်လုပ်ငန်းရှင် ဦးကိုကိုထွန်းက ပြောပါတယ်။

ပြည်တွင်းဈေးကွက်ထဲမှာ ဖြန့်ဖြူးရောင်းချနေတဲ့ ငရုတ်သီးအကြမ်းမှုန့်၊ အနုမှုန့်၊ လှော်ထောင်းမှုန့်၊ အစိမ်းမှုန့်တွေမှာ ခွင့်မပြုဆိုးဆေးတွေ၊ မှိုဆိပ်(Aflatoxin B1)နဲ့ မသန့်ရှင်းတဲ့ ပစ္စည်းတွေ ပါဝင်ခြင်း ရှိမရှိ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)က ဒီနှစ် စက်တင်ဘာလထဲမှာ ဈေးကွက်နမူနာကောက်ယူပြီး ဓာတ်ခွဲစစ်ဆေးခဲ့တာကနေ အဆိုပါငရုတ်သီးမှုန့်ကိုးမျိုးမှာ မှိုဆိပ်ပါဝင်တာကိုစစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

Source & Photo : The Voice

သင်စားသုံးနေတဲ့ ငရုတ်သီးမှုန့်တွေမှာ မှိုဆိပ်ကင်းတယ်လို့ ထင်ပါသလား ?»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ