play

 

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA)ညွှန်ကြားရေးမှူးအယောင်ဆောင်ပြီး ရန်ကုန်တိုင်းထဲက ရသန့်လုပ်ငန်းတွေကို ပစ်မှတ်ထားလိမ်လည် ငွေတောင်းခံနေသူကို အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဒီနှစ်ထဲမှာ ရန်ကုန်တိုင်းဒေသကြီးထဲက ရေသန့်လုပ်ငန်းတွေကို ငွေတောင်းခံတဲ့ လိမ်လည်မှုက သုံးခုကနေ ငါးခုအထိရှိနေပြီး လုပ်ငန်းတစ်ခုကို စက်ရုံအကြီး၊အသေးပေါ်မူတည်ကာ ကျပ်ငါးသောင်းကနေ ကျပ်နှစ်သိန်းအထိ ပေးနေရတယ်လို့ ဆိုပါတယ်။

‘‘သောက်ရေသန့်လုပ်ငန်းနဲ့ ပတ်သက်ပြီး တော်တော်လေ့ လာထားတာလည်းပါတယ်။ ရေ သန့်တချို့က ထောက်ခံချက် မရထားဘူးဆိုတဲ့ သတင်းကိုလည်း ရထားလို့ ဖြစ်မယ်။ ထောက်ခံ ချက်မရထားတဲ့လုပ်ငန်းတွေကို အဓိကပစ်မှတ်ထားပြီးတော့ လိုက်လိမ်နေတဲ့သဘောပေါ့’’လို့ မြန်မာနိုင်ငံ FDA အသင်းတာဝန်ရှိသူတဦးကပြောပါတယ်။

play

 

အဆိုပါ လိမ်လည်သူက ထောက်ခံချက်မရသေးတဲ့ ရေသန့်လုပ်ငန်းတွေကို ၀င်ရောက်စစ်ဆေးကာ ထောက်ခံချက်အမြန်ရရှိအောင် ပြုလုပ်ပေးမယ်ဆိုပြီး အခကြေးငွေတောင်းခံနေတာ ဖြစ်ပါတယ်။

အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး အယောင်ဆောင်လိမ်လည်နေသူကို ဖော်ထုတ်အရေးယူနိုင်ဖို့ စုံစမ်းနေကာ လုပ်ငန်းရှင်တွေ အနေနဲ့လည်း ဒီလိုဖြစ်စဉ်တွေ တွေ့ရှိလာရင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန  ဖေ့စ်ဘွတ်ခ်စာမျက်နှာနဲ့ ရုံးချုပ်ဖုန်းတွေကို ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ ဆိုပါတယ်။

 

အစားအသောက်နှင့်ဆေး ၀ါးကွပ်ကဲမှုဦးစီးဌာနက ရှောင်တခင်စစ်ဆေးမယ်ဆိုရင် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီး ဌာန၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ၊ မြို့နယ်ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ စုပေါင်းပါဝင်တဲံ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေး ကော်မတီနဲ့ပဲ ၀င်ရောက်စစ်ဆေးတာ ဖြစ်ပါတယ်။

Source : 7Day

Photos : Soe Thiha Naung Facebook

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video