AD
AD
AD

play
ဆီိဒိုးနား၏ ရှေ့နေဦးမောင်မောင်စိုး။ Photo : 7DayDaily

 

FDA ၀န်ထမ်းအမျိုးသမီးကို အဓမ္မမပြုကျင့်ကြောင်းနဲ့ ပစ္စည်းလုယက်သတ်ဖြတ်တာ မဟုတ်မှန်ဘူးလို့ အမှုလေးခုနဲ့ စွဲချက်တင်ခံထားရတဲ့ မျိုးဇော်ဦး(ခ)ဆီဒိုးနားက ထွက်ဆိုခဲ့တယ်လို့ တရားခံရှေ့နေ ဦးမောင်မောင်စိုးက ပြောပါတယ်။

မေ ၁၄ ရက်နေ့က အရှေ့ပိုင်းခရိုင်တရားရုံးမှာ တရားခံမျိုးဇော်ဦးကို စစ်ဆေးခဲ့ပြီး အခုလို ထွက်ဆိုခဲ့တာဖြစ်ကာ ပစ္စည်းလိုချင်လို့ လည်ပင်းညှစ်ပြီး ၀က်အူလှည့်နဲ့ ထိုးသတ်တာမဟုတ်မှန်ဘူးလို့ ငြင်းဆိုခဲ့ပေမယ့် အဲ့ဒီပစ္စည်းတွေကို ရောင်းချခဲ့တာကိုတော့ ၀န်ခံ ထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။

“သူက ၀က်အူလှည့်နဲ့ ထိုးပြီးသတ်တယ်ဆိုတာမဟုတ်ဘူးလို့ ထွက်ဆိုတယ်။ ဓမ္မတာနည်းနဲ့ ဆန့်ကျင်တာကိုလည်း သူမလုပ်ခဲ့ဘူးတဲ့ ။ ရွှေရောင်းတယ်ဆိုတာတော့ ဟုတ်တယ်။ သူငြင်းတာကိုတော့ တရားသူကြီးက စဉ်းစားရမှာာပါပဲ။ ဖြောင့်ချက်ပေးတာကလည်း သူ့ဆန္ဒမပါဘဲ ရဲက ရိုက်မှာစိုးလို့ ဖြောင့်ချက်ပေးတာလို့ ပြောတယ်။ သူရေးထားတဲ့အတိုင်းလက်မှတ်ထိုးတာလို့ ပြောတယ်။ Rape က မဖြစ်နိုင်ဘူး။ သဘာဝလည်းမကျဘူး။ ဆရာဝန်ဆေးစာမှာလည်း ပြုကျင့်ထားတဲ့ လက္ခဏာမပေါ်ပါဘူး။ ဆေးစာအရလေ။ ရဲစခန်းမှာက ရဲကိုကြောက်လို့ လုပ်တယ်လို့ ပြောတာဖြစ်နိုင်တယ်’’လို့ ဦးမောင်မောင်စိုးက ဓူဝံ မီဒီယာကို ပြောပါတယ်။

play

 

လာမယ့်ရုံးချိန်းကိုတော့ မေလ ၂၁ ရက်နေ့ကို ချိန်းဆိုထားပြီး ဆီဒိုးနားရဲ့ အိမ်နီးချင်းတစ်ဦးနဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးကို တရားခံပြ သက်သေအနေနဲ့ ဆက်လက် စစ်ဆေးသွားမယ်လို့ သိရပါတယ်။

FDA ၀န်ထမ်း မရွှေရည်ဝင်းက ဇန်န၀ါရီ ၂၀ ရက်မှာ ဒဂုံမြို့နယ်က နေအိမ်သို့ ပြန်ဖို့ လှည်းတန်းလမ်းဆုံနားမှာ တက္ကစီငှားစီးတာကနေ တက္ကစီယာဉ်မောင်း မျိုးဇော်ဦး (ခ) ဆီဒိုးနား၏ အဓမ္မပြုကျင့် သတ်ဖြတ်ခံရကြောင်း ရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်ထားပါတယ်။

 

မုဒိမ်းမှု၊ လုယက်မှုစတဲ့ ပြစ်မှုတွေ ကျူးလွန်တုန်း လူသတ်တဲ့ ပြစ်မှုကိုပါ ကျူးလွန်ရင် ဥပဒေပုဒ်မ ၃၀၂ (၁) (ဂ) အရသေဒဏ်ထိုက်ပြီး မျိုးဇော်ဦး(ခ)ဆီးဒိုးနားကို လူသတ်မှုပုဒ်မ ၃၀၂ (၁) (ဂ)၊ မုဒိမ်းမှုပုဒ်မ ၃၇၆၊ ဓမ္မတာနှင့်ဆန့်ကျင်သောပြစ်မှု ၃၇၇ နဲ့ လုယက်မှုကျူးလွန်ရာမှာ နာကျင်စေမှုပုဒ်မ ၃၉၄ တို့နဲ့ စွဲချက်တင်ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD