AD
AD
AD

MPT ဟာ ကွန်ဒိုတိုက်ခန်းများနဲ့ အဆောက်အဦကြီးများအတွက် FTTB (Fiber to The Building) ဖိုင်ဘာကွန်ရက်ဝန်ဆောင်မှု ပေးသွားမယ်လို့ သိရပါတယ်။

play

 

လက်ရှိမှာ MPT ဟာ FTTH (Fiber To The Home) ဝန်ဆောင်မှုကို သြဂုတ်လ ၁ ရက်နေ့ ကစပြီး ရန်ကုန်မြို့ လယ်မှာ ဆူးလေဘုရားနား တစ်ဝိုက် ပန်းပဲတန်းမြို့ နယ်မှာ လိုင်း ၅၀၀ နဲ့ စတင်ဝန်ဆောင်မှု ပေးနေတာ ဖြစ်ပါတယ်။

“ပန်းပဲတန်းမှာ စပေးတာကောင်းတယ် အခြေအနေကောင်းတယ် Application က နှစ်ပတ်အတွင်း မှာ ရှစ်ဆယ်ကျော်ရတယ်။ Active လုပ်တာ ၂၀ ကျော်လောက်ရတယ်။ နောက်ထပ်ချဲ့ဖို့က အတိအကျ တော့မပြောနိုင်သေးဘူး။ ကျွန်တော်တို့အခု စည်ပင်သာယာနဲ့ ကေဘယ်လ်ဆွဲဖို့ကိစ္စညှိနေပါတယ်။ ပြီးရင် တော့ မြန်သွားမှာပါ” လို့  MPT-KSGM Joint Operations မှ Deputy Chief Commercial Officer ဖြစ်သူ ဦးသိန်းဟုတ် က ရှင်းပြပါတယ်။

 

MPT ရဲ့ FTTH ဝန်ဆောင်မှုအတွက် တပ်ဆင်ကြေးအဖြစ် နှစ်သိန်းကျပ် ကျသင့်မှာ ဖြစ်ပြီး လက်ရှိပရိုမိုးရှင်းကာလမှာတော့ တစ်သိန်းခွဲနဲ့ တပ်ဆင်နိုင်မှာ ဖြစ်ပါတယ်။ နောက်နှစ်အစောပိုင်းမှာတော့ ရန်ကုန်နဲ့ မန္တလေးမြို့ နေရာအနှံ့ မှာ တိုးချဲ့ တပ်ဆင်သွားမှာ ဖြစ်ပါတယ်။ တပ်ဆင်ကြေးထဲမှာမှ ကေဘယ်လ်ကြိုး ဆင်ခြင်း ၊ စတင်အသုံးပြုဖို့ ဆောင်ရွက်ပေးတဲ့ ဝန်ဆောင်ခ နဲ့ WiFi Router တပ်ဆင်ခြင်းများအတွက် ငှားရမ်းခများပါ အပါအဝင် ဖြစ်တယ်လို့ ဆိုပါတယ်။

Source: Internet Journal

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD