Local News: ဒဂုံမြို့သစ်မြောက်ပိုင်းက g&g စတိုးဆိုင်ကို လုယက်တဲ့သူတွေ ဖမ်းမိ

ဒဂုံမြို့သစ်တောင်ပိုင်းမှာ ဖမ်းမိခဲ့တာပါ။

play

 

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၇)ရပ်ကွက်က g&g စတိုးဆိုင်က ၀န်ထမ်းကို ဓားပြခြိမ်းခြောက်ပြီး လုယက်ခဲ့တဲ့ လူငယ်လေးဦးကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့တယ်လို့ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်းကနေ သိရပါတယ်။

နိုဝင်ဘာလ ၁၂ ရက်နေ့က မနက် ၁ နာရီလောက်က အဆိုပါစတိုးဆိုင်က အရောင်းဝန်ထမ်းအမျိုးသားတစ်ဦးတည်း ဈေးရောင်းနေတုန်းမှာ အမျိုးသားလေးဦးက ဓားနဲ့ ခြိမ်းခြောက်ပြီး ဆိုင်မှာရှိတဲ့ ရောင်းရငွေတွေ၊ ဖုန်းငွေဖြည့်ကတ်မျိုးစုံ၊ စီးကရက်နဲ့ အချိုရည်မျိုးစုံ စုစုပေါင်းတန်ဖိုးငွေကျပ် (၁၃၆၇၇၀၀)ကို ယူဆောင်သွားခဲ့တာပါ။

ပြစ်မှုကျူးလွန်သူတွေကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်း(ပ)၁၉၂၃/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ-၃၈၆ ဖြင့် အမှုဖွင့်အရေးယူပြီး စုံစမ်းတာတွေလုပ်ခဲ့ရာမှာ ပြစ်မှုကျူးလွန်ရာမှာ ပါဝင်တဲ့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ ဟိန်းထက်စိုး၊ ညီညီမင်း၊ ခန့်စည်သူအောင်နဲ့ သန်းယုမောင်တို့က ကျူးလွန်ခဲ့တာကို သိရလို့ နိုဝင်ဘာလ ၁၄ ရက်နေ့ ည ၇ နာရီမှာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့ (၅၅)ရပ်ကွက်၊ ပုဂံလမ်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် သားကြီး(ခ)လွင်မိုးမှာ ထွက်ပြေးတိမ်းရှောင်နေလို့ အမြန်ဆုံး ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေပြီး အခြားလုယက်မှုတွေ ကျူးလွန်ထားခြင်းရှိ/မရှိစစ်ဆေးနေတယ်လို့ သိရပါတယ်။

Source & Photo : Yangon Police

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ