AD
AD
AD
play

 

ကမ္ဘာကျော် Game of Throne ရုပ်သံဇာတ်လမ်းတွဲကို မြန်မာဘာသာပြန်စာအုပ် အဖြစ်ထုတ်ဝေသွားမှာဖြစ်ပြီး အဆိုပါစာအုပ်ကို ‘အာဏာ နှင့်မာယာ’လို့ အမည်ပေးထားကာ စာရေးဆရာရီနေဆန်းက ဘာသာပြန်ရေးသားထားတယ်လို့ ငါတို့ စာပေစာအုပ်တိုက်ပိုင်ရှင် ဦးစန်း မွန်အောင်က ပြောပါတယ်။

‘‘လူငယ်တွေစာမဖတ်ဘူး လို့ ပြောကြတယ်။ အမှန်က ဖတ်စရာ စာအုပ်မရှိတာ။ လူငယ်တွေ ဖတ်သင့်တဲ့စာအုပ်တွေ၊ သူ တို့ကြိုက်တဲ့ စာအုပ်တွေထုတ်ပေး ရမယ်။ နိုင်ငံတကာမှာလည်း ဒီစာအုပ်တွေကို လူငယ်တွေဖတ် ကြတယ်။ လူငယ်တွေစာဖတ် တယ်ဆိုတာ သက်သေပြချင်လို့ ဒီစာအုပ်တွေကို ထုတ်ဝေတာပါ’’ လို ဦးစန်းမွန်အောင်က ပြောပါတယ်။

play

 

Game of Throne စာအုပ်ကို မြန်မာဘာသာကို ပြန်ဆိုရာမှာ စာမျက်နှာ ၁,၆၀၀ ကျော်လို့ သုံးအုပ်တွဲ ထုတ်ဝေထားပြီး တစ်အုပ်ချင်းခွဲ မရောင်းဘဲ သုံးအုပ်စလုံး ဝယ်ယူရမည်ဖြစ်ကာ တန်ဖိုး ကျပ် ၁၈,၀၀၀ နဲ့ ရောင်းချမယ်လို့ သိရပါတယ်။

Game of Throne  ဇာတ်လမ်းတွဲက ကမ္ဘာကျော် A Song of Ice and Fire ဇာတ်ထုပ်ငါးအုပ်ထဲက ပထမဆုံးစာအုပ်ဖြစ်ပြီး ဒုတိ ယစာအုပ်ဖြစ်တဲ့ A Clash of Kings ကို ဆက်လက်ဘာသာပြန်ဆို ထုတ်ဝေဖို့ စီစဉ်နေကြောင်း ပြောပါတယ်။

 

Game of Throne ရုပ်သံ ဇာတ်လမ်းတွဲကို ၂၀၁၁ မှာ HBO ရုပ်သံလိုင်းကနေ စတင်ထုတ်လွှင့်ပြီး စာရေးဆရာ George RR Martin ၏ ရောင်းအားအကောင်းဆုံး စာအုပ်ဖြစ်တဲ့  A Song of Ice And Fire စာအုပ်ကို အခြေခံပြီး ရိုက်ကူးထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

Source : 7DayDaily

Photos : ertacaltinoz,

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD