AD
AD
AD
play

 

မြန်မာနိုင်ငံက EDM ချစ်သူတွေ မျှော်လင့်စောင့်စားနေတဲ့ Waterzonic ပွဲကြီးကို ဒီနေ့၊ နိုဝင်ဘာ ၁၁ ရက်နေ့မှာ ရန်ကုန်မြို့ သုဝဏ္ဏမှာရှိတဲ့ One Entertainment Park မှာ ကျင်းပသွားတော့မှာ ဖြစ်ပါတယ်။

ဒီခမ်းနားစတိတ်အပြင်အဆင်တွေကို ပြည်တွင်း၊ပြည်ပက နာမည်ကျော် DJ တွေရဲ့သံစဉ်တွေနဲ့ပေါင်းစပ်လိုက်ရင်တော့ မွန်းကျပ်တဲ့လက်တွေ့ဘဝကနေ လွတ်မြောက်ပြီး တခြားစကြဝဠာတစ်ခုကိုရောက်သွားရသလို ခံစားရစေမှာ အသေအချာပါပဲ။

Waterzonic ပွဲတက်မယ့်သူတွေအတွက် ပွဲပြီးတဲ့နောက်မှာ အပျော်တွေကိုလက်စသပ်နိုင်ဖို့ After Party တစ်ခုကိုလည်း Waterzonic Myanmar က Brave Bar နဲ့ Pyrite Bar တွေမှာစီစဉ်ပေးထားပါသေးတယ်။ ဒီ After Party ကို Waterzonic Myanmar ရဲ့ Wristband ပါတဲ့သူတွေ အခမဲ့ဝင်ခွင့်ရပဲ ဖြစ်ပါတယ်။

အရှေ့တောင်အာရှရဲ့ကျော်ကြားတဲ့ EDM ပွဲကြီးဖြစ်တဲ့ Waterzonic ပွဲကို ဧပြီလတုန်းကတစ်ခါကျင်းပခဲ့ပြီး အခုနိုဝင်ဘာမှာ နောက်တစ်ကြိမ် ထပ်မံကျင်းပတာပါ။ Waterzonic ပွဲအတွက်လက်မှတ်မဝယ်ရသေးဘူးဆိုရင်တော့ Waterzonic Myanmar ရဲ့တရားဝင်ဝက်ဘ်ဆိုဒ် www.waterzonicmyanmar.com ကနေပဲဖြစ်ဖြစ်၊ rgo47 ၊ Cherry Chapter Myanmar Travels ပြည်တွင်းပြည်ပလေယာဉ်လက်မှတ်-ခရီးသွားလုပ်ငန်း၊ Ticket Boxနဲ့ MMTIX တို့ကနေတဆင့်ပဲဖြစ်ဖြစ် ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD