Local News: နိုင်ငံတော်သမ္မတကတော် ဒေါ်စုစုလွင် Global Inspirational Leadership Award ဆု ချီးမြှင့်ခံရ

ပညာရေးကဏ္ဍ၊ အမျိုးသမီးတွေနဲ့ ကလေးသူငယ်ကဏ္ဍတွေမှာ ကြိုးပမ်းဆောင်ရွက်ခဲ့လို့ ချီးမြှင့်ခံခဲ့ရတာပါ။

play

 

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ရဲ့ ဇနီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်က Centre for Economic and Leadership Development (CELD) အဖွဲ့အစည်းက ချီးမြှင့်တဲ့ Global Inspirational Leadership Award 2016 ဆုကို ရရှိခဲ့တယ်လို့ ဒီဇင်ဘာ ၂၅ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဒေါ်စုစုလွင်ရဲ့  မြန်မာနိုင်ငံပညာရေးကဏ္ဍ၊ အမျိုးသမီးတွေနဲ့ ကလေးတွေ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကဏ္ဍတွေမှာ ကြိုးပမ်း ဆောင်ရွက်နေတာတွေကြောင့် ဒီဆုကိုပေးအပ်ခဲ့တာလို့ သတင်းမှာ ရေးသားထားပါတယ်။

play

 

ဒီဇင်ဘာလ ၁၃ ရက်နေ့က အာရပ်စော်ဘွားများ ပြည်ထောင်စု(UAE) နိုင်ငံ ဒူဘိုင်းမြို့ရှိ Shangri­La ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ South America ­ Africa ­ Middle East ­ AsiaWomen Summit (SAMEAWS) မှာ အဆိုပါဆုကို ချီးမြှင့်ခဲ့တာဖြစ်ပြီး ဒေါ်စုစုလွင်ရဲ့ ကိုယ်စား ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအေးခိုင်က တက်ရောက်လက်ခံခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် CELD ကနေ ထုတ်ဝေတဲ့ Amazons Watch Magazine မှာလည်း ဒေါ်စုစုလွင်ရဲ့ ပညာရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကြိုးပမ်းဆောင်ရွက်ခဲ့တာတွေအတွက် Top 100Most Influential Women In Emerging Economies အဖြစ်ထည့်သွင်း ဖော်ပြခဲ့ပြီး CELD ရဲ့ Global Women Leaders 2016 ဆုတံဆိပ်ကိုလည်း ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

Source : The Voice

Photos : CELD

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ