AD
AD
AD

နည်းပညာ startups တစ်ခု စတင်နေတဲ့ သူတိုင်းအတွက် ကမ္ဘာကျော် Google ကုမ္ပဏီနဲ့ လက်တွဲအလုပ်လုပ်ခွင့်ရမယ့် အခွင့်အလမ်းတစ်ခု မြန်မာနိုင်ငံကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

play

 

Launchpad Accelerator ဟာ နည်းပညာ startups လုပ်ငန်းလေးတွေကနေ အောင်မြင်တဲ့ ကုမ္ပဏီကြီးတွေအထိ ဖြစ်အောင် ကူညီပံ့ပိုးပေးသွားမယ့် Google ရဲ့ ပရိုဂရမ်တစ်ခု ဖြစ်ပါတယ်။ Google ရဲ့ Launchpad Accelerator ဟာ အာရှ ၊ အာဖရိက ၊ ဥရောပနဲ့ လက်တင်အမေရိကမှ နိုင်ငံပေါင်း ၃၇ နိုင်ငံမှ နည်းပညာ startups လေးများကို ရွေးချယ်ပြီး Google အင်ဂျင်နီယာများ ၊ ကမ္ဘာကျော်ဆီလီကွန်တောင်ကြားမှ နည်းပညာကျွမ်းကျင်သူများ နဲ့ ကမ္ဘာ့ထိပ်တန်း နည်းပညာအကြံပေးကြီးကြပ်သူများနဲ့ ပူးပေါင်း လက်တွဲလုပ်ဆောင်ခွင့်ရစေမယ့် အခွင့်အလမ်းတစ်ရပ်လည်း ဖြစ်ပါတယ်။

 

ဒါ့အပြင် ဒီပရိုဂရမ်မှာ ပါဝင်ခွင့်ရသူများဟာ ကိုယ့်ထုတ်ကုန်ရဲ့ တန်ဖိုးအတိုင်း အကျိုးအမြတ်ခံစားခွင့် ရမှာ ဖြစ်ပြီး အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမှာ လေ့ကျင့်ရေး ဆင်းနေစဉ်ကာလအတွင်း ကုန်ကျစရိတ်အဝဝကို ကင်းလွတ်ခွင့် ရမှာ ဖြစ်ပါတယ်။ ယခုအစီအစဉ်ကိုပါဝင်လိုသူများဟာ မိမိတို့ ရဲ့ နိုင်ငံအတွင်းမှာ ကြုံတွေ့ နေတဲ့ စိန်ခေါ်မှုများကို ဖြေရှင်းလိုသူ ၊ ကမ္ဘာတစ်ခွင်မှ နည်းပညာကျွမ်းကျင်သည့် startups လူမှုအဖွဲ့ အစည်းများနဲ့ ပူးပေါင်းလိုသူ ၊ကိုယ့်ရဲ့ tech startup ကိုနည်းပညာကုမ္ပဏီကြီးအဖြစ် အဆင့်မြှင့်တင်ရာမှာ Google ရဲ့ အကူအညီရယူလိုသူများ ဖြစ်ရမယ်လို့ ဆိုပါတယ်။

 

Google Launchpad Acclerator ပရိုဂရမ်မှာ အာဖရိကမှ အီဂျစ် ၊ ဂါနာ ၊ နိုင်ဂျီရီးယား ၊ အယ်ဂျီးရီးယား ၊ ကင်ညာ ၊ မော်ရိုကို ၊ တောင်အာဖရိက ၊ တန်ဇေနီးယား ၊ တူနီးရှား နဲ့ ယူဂန်ဒါ စတဲ့ နိုင်ငံ (၁၀) နိုင်ငံ ၊ အာရှမှ မြန်မာ ၊ဘင်္ဂလားဒေ့ခ်ျ ၊ ထိုင်း ၊ အိန္ဒိယ ၊ အင်ဒိုနီးရှား ၊ မလေးရှား ၊ ပါကစ္စတန် ၊ ဖိလစ်ပိုင် ၊ သီရိလင်္ကာ နဲ့ ဗီယက်နမ် (၁၀) နိုင်ငံ ၊ ဥရောပမှ ချက်သမ္မတနိုင်ငံ ၊ အက်စ်တိုးနီးယား ၊ ဟန်ဂေရီ ၊ ဘယ်လာရပ် ၊ ပိုလန် ၊ ရိုမေးနီးယား ၊ ရုရှားနဲ့ ယူကရိန်း (၈) နိုင်ငံ နဲ့ လက်တင်အမေရိကမှ အာဂျင်တီးနား ၊ ဘရာဇီး ၊ ချီလီ ၊ ကိုလံဘီယာ ၊ ကော့စတာရီကာ ၊ မက္ကဆီကို ၊ ပနားမား ၊ ပီရူးနဲ့ ဥရုဂွေး (၉) နိုင်ငံ စသည့် နိုင်ငံပေါင်း ၃၇ နိုင်ငံမှ tech startups များ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

play

 

အောက်တိုဘာလ ၂ ရက် တနင်္လာနေ့ နောက်ဆုံးထား လျှောက်ရမှာ ဖြစ်ပြီး ဒီပရိုဂရမ်ကို လျှောက်ထားချင်သူများအနေနဲ့ Google Launchpad ကနေ တစ်ဆင့် လျှောက်ထားနိုင်မှာပါ။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD