AD
AD
AD
play

 

GRAB တက္ကစီဝန်ဆောင်မှုမှာ အသုံးပြုနေတဲ့ Application က လုံခြုံမှုမရှိတဲ့အတွက် ယခင် Application နဲ့ပဲ အသုံးပြုလိုကြောင်း စတေကာတပ် ဖဲကြိုးဖြူလှုပ်ရှားမှုပြုလုပ်နေတဲ့ ယာဉ်မောင်းတွေက MJN ရုံးခန်းမှာ မေလ ၂၂ ရက်နေ့မှာ သတင်းစားရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

လက်ရှိ အသုံးပြုနေတဲ့ Grab တက္ကစီ Application က စီးနင်းသူ သွားလိုတဲ့နေရာကို ယာဉ်မောင်းက မမြင်ရတာကြောင့် ယာဉ်မောင်းတွေ အနေနဲ့ သွားလိုတဲ့နေရာကို မသိရဘဲ Cancel လုပ်ခွင့်မရှိဘဲ မောင်းရတာဖြစ်လို့ အန္တရာယ်ရှိနိုင်တယ်လို့ ရှင်းလင်းပွဲပြုလုပ်ခဲ့တဲ့ Yangon Taxi Drivers Group နဲ့ O and D အဖွဲ့က ယာဉ်မောင်းတွေက ပြောပါတယ်။

“ကျွန်တော်တို့က အရင် App တုန်းက အကုန်အဆင်ပြေတယ်။ အရင်ကဆို ဘာပြသနာမှ မတက်ဘူး။ အခုမှ ပြသနာတက်တာပါ။ ကျွန်တော်တို့က ဘယ်နေရာသွားမယ်ဆိုတာကို မမြင်ရ၊ မသိရတာကြောင့် လုံးဝကို အဆင်မပြေဘဲ အသက်အန္တရာယ်ကိုပါ စိုးရိမ်ရတာကြောင့် အခုလို ရှင်းလင်းရတာပါ’’ လို့ Yangon Taxi Drivers Group က ကိုကျော်စိုးက ပြောပါတယ်။

play

 

ဒီနေ့ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းတာကို တက္ကစီယာဉ်မောင်းအဖွဲ့ခြောက်ဖွဲ့က ယာဉ်မောင်း၁၇၀ နီးပါးရဲ့ သဘောထားအရ ရှင်းလင်းတာဖြစ်ပြီး ရှင်းလင်းတဲ့သူတွေက လက်ရှိမှာ Grab ကုမ္ပဏီနဲ့ တွဲဖက်လုပ်ကိုင်နေသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဖဲကြိုးဖြူလှုပ်ရှားမှုပြုလုပ်နေတာကို မေလ ၂၁ ရက်နေ့က စပြီး အရင် Application ပြန်မပြောင်းပေးမချင်း ဖဲကြိုးဖြူလှုပ်ရှားမှု၊ စတေကာကပ် ကမ်ပိန်းတွေအဖြစ် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

GRAB အနေနဲ့ အဲ့ဒီလှုပ်ရှားမှုက ခရီးသည်တွေကို အခက်အခဲဖြစ်အောင် စည်းရုံးနေတာဖြစ်ပြီးတော့ ဒီလှုပ်ရှားမှုက Grab ယာဉ်မောင်း ကွန်ရက်ကြီးတစ်ခုလုံးကို ကိုယ်စားမပြုဘူးလို့ ထုတ်ပြန်ထားပါတယ်။

"တချို့ဟာတွေလည်း အခက်အခဲရှိတာပေါ့။ ကျွန်တော်ဆို ညဘက် ၁၁ နာရီလောက် ကားအော်ဒါရတော့ TTC ကနေ အနောက်ပိုင်း တက္ကသိုလ်အထိ သွားရတယ်။ ကျွန်တော် Cancel လုပ်လို့ မရဘူး။ လိုက်ပို့တာက အားလုံးအချိန်ပေါင်း ၂ နာရီကျော်ကြတယ်။ ကျွန်တော်ပို့ပြီးပြန်လာတော့ အပြန်ဘာအော်ဒါမှမရဘူး အဲ့နေရာကနေ။ ဆီလည်းကုန်တယ် ကားလည်းတော်တော်ကျသွားတယ်။ အဲ့ဒါမျိုးတွေလည်းရှိပါတယ်"လို့ ရန်ကုန်မှာ Grab တက္ကစီယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

Grab စနစ်ကအဆင်မပြေကြောင်းကို လှုပ်ရှားမှုအနေနဲ့ ဖဲကြိုးဖြူလှုပ်ရှားမှုနဲ့ စတေကာကပ်လှုပ်ရှားမှုကို အဆိုပါယာဉ်မောင်းအဖွဲ့က မေလ ၁၅ ရက်နေ့ကစလို့ လှုပ်ရှားမှု ပြုလုပ်နေတာလည်းဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD